Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရန်ကုန်တွင် CB ဘဏ် တစ်ခု၌ သေနတ်အတုဖြင့် လုယက်မှုဖြစ်၊ ကျူးလွန်သူ ကလေး ၂ ဦးကိုဖမ်းဆီးထား

ရန်ကုန်တွင် CB ဘဏ် တစ်ခု၌ သေနတ်အတုဖြင့် လုယက်မှုဖြစ်၊ ကျူးလွန်သူ ကလေး ၂ ဦးကိုဖမ်းဆီးထား

ABN-ကိုဟိန်းထွန်း

ရန်ကုန်မြို့ရှိ ပုစွန်တောင်မြို့နယ် အမှတ် ၇ ရပ်ကွက်တွင် အသက်မပြည့်သေးသည့် ကလေးငယ် ၂ ဦးသည် သေနတ် နှင့် ဓားအတုကို ကိုင်ဆောင်၍ CB ဘဏ်သို့ဝင်ရောက်ပြီး လုယက်မှုဖြစ်၊ ကျူးလွန်သူ ၂ ဦးကို ဖမ်းဆီးရမိကြောင်းသိရသည်။

မတ်လ ၁ ရက်နေ့ မနက်ပိုင်းတွင် ပုစွန်တောင်မြို့နယ်တွင်ရှိသည့် အများပြည်သူသုံး CB ဘဏ် တစ်ခုကို ဝင်ရောက်ခဲ့ပြီး ရုံးတွင်းတာဝန်ရှိသူ ဘဏ်စာရေးထံမှ သိန်း ၆၅၀ ကျပ်ကို လုယက်ခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ ပစ္စတိုသေနတ်အတုတစ်လက် နှင့် ဓါး ၂ ချောင်းပါရှိပြီး ခြိမ်းခြောက်လုယက်မှုဖြစ်ကြောင်းလည်း သိရသည်။

ဖမ်းဆီးခံရသူမှာ ပုစွန်တောင်မြို့နယ်မှ အသက် ၁၄ နှစ်အရွယ် မောင်သန့်ဇင်အောင် နှင့် အသက် ၁၅ နှစ်အရွယ် မောင်သူထူးအောင်တို့ဖြစ်ပြီး အသက်မပြည့်သေးသည့် ကလေးများဖြစ်ကြောင်း သိရသည်။

လုယက်မှုကျူးလွန်သူ ၂ ဦးကို လုံခြံရေးအဖွဲ့ဝင်များမှ ၎င်းအနီးရှိ မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့က လှိုင်သာယာမြို့နယ် အမှတ် ၆ ရပ်ကွက် သီရိမင်္ဂလာလမ်းရှိ အများပြည်သူသုံး CB ဘဏ်ခွဲတစ်ခု၌ ငွေသားလုယက်မှုခံခဲ့ရကြောင်း ဖော်ပြထားသည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရန်ကုန်မြို့လယ်ရှိ ဆာကူရာတာဝါ CB bank မှလည်း ငွေထုတ်လာသူတစ်ဦးထံမှ သိန်း ၃၀၀၀ ကျပ်လုက်ခံရမှုဖြစ်ပွားခဲ့သည်ဟု တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ