Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မွန်ပြည်နယ်တွင် စစ်ကောင်စီမှပစ် လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးကာ ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရ

ABN-မေအိအိအောင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာများအတွင်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၇ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU က သတင်းထုတ်ပြန်လိုက်သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ KNU တပ်မဟာ (၁)၏ သတင်းထုတ်ပြန်ချက်အရ ဇန်နဝါရီ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ကျေးရွာများမှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှ လှည်းလမ်းကုန်းနှင့် သုံးခွကျေးရွာတို့ဖြစ်သည်။

လှည်းလမ်းကုန်းကျေးရွာကို ဇန်နဝါရီလ ၆ ရက်နေ့ က ကျိုက်ထိုအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂) မှ ( ၆၀ မမ) ၂ လုံးပစ်ခတ်ရာ ရွာထဲရှိ ဦးကျော်မြင့်နှင့် မမိဖြူတို့ နေအိမ်တွင်ကျရောက်ပေါက်ကွဲပြီး ဦးကျော်မြင့် အသက် ၆၃ နှစ်နှင့် သမီးဖြစ်သူ မဖြူနှင်းသူ အသက် ၁၆ နှစ်အရွယ် တို့တွင် ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူရလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ ခမရ (၂၀၇) အမှတ် (၃၁၀) မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် သုံးခွကျေးရွားတွင် ကျရောက်ပေါက်ကွဲခဲ့ရာ ကျေးရွာတွင်းမှ ကိုဇော်မိုးလွင် အသက်၂၆ နှစ်မှာ သေဆုံးခဲ့ရပြီး မိသားစုဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

လက်နက်ကြီးစထိမှန်၍ ဒဏ်ရာရရှိသွားသည့် အရပ်သားများအား သိမ်ဇရပ်နှင့် ကျိုက်ထိုဆေးရုံများသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူထားရသည်ဟု သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကောင်စီက နေ့စဉ်နှင့်အမျှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၅ ရွာမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရကြောင်း KNU ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မွန်ပြည်နယ်တွင် စစ်ကောင်စီမှပစ် လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူ ၁ ဦးသေဆုံးကာ ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါအဝင်  ၇ ဦးဒဏ်ရာရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ