Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်တွင် အမျိုးသား ၈ဦးအသတ်ခံရပြီး အလောင်းများစွန့်ပစ်ခံထားရ

ABN – မေအိအိအောင်

တနင်္သာရီတိုင်း၊ ကော့သောင်ခရိုင်၊ ဘုတ််ပြင်းမြို့နယ်တွင် အမျိုးသား ၈ဦးကို သတ်ဖြတ်ပြီး ကျေးရွာအနီးတွင် အလောင်းများကို လာရောက်စွန့်ပစ်သွားခဲ့ကြောင်းသိရသည်။

အလောင်းများကို ပြီးခဲ့သည့် ဇန်န၀ါရီလ ၁၅ ရက်နေ့ ရွာဟေ့လူရွာနှင့် နမ်မတွန်ရွာကြား ရှမ်းကိုးရွာ ကားလမ်းနံဘေးတွင်တွေ့ရပြီး ၎င်းတို့မှာ ဇန်န၀ါရီ ၁၃ ရက်နေ့က သတ်ခံထားရခြင်းဖြစ်ကြောင်း သိရသည်။

အသတ်ခံရသူများမှာ ဘုတ်ပြင်းမြို့နယ် ရွာဟေ့လူရာမှ ၆ ဦးနှင့် အေးချမ်းသာရွာမှ ၂ ဦးဖြစ်ကြောင်းသိရသည်။

သေဆုံးသူများအထဲမှ ရွာဟေ့လူရွာမှ ဦးအောင်ဖေ၊ ဦးဥာဏ်၀င်းနှင့် ဦးဟန်ထူး တို့မှာ NLDအစိုးရလက်ထက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၀င်အဖြစ် တာ၀န်ထမ်းဆောင်ဖူးကြောင်းသိရသည်။

အသတ်ခံရသူများထဲမှ ရွာဟေ့လူရွာမှ ၄ ဦးနှင့် အေးချမ်းသာရွာမှ ၁ ဦးတို့၏ အမည်များကိုမသိရပေ။

ထိုလူ ၈ ဦးကို အဖွဲ့တစ်ဖွဲ့မှ အစည်းအ‌‌ဝေးရှိသည်ဟု ဆိုကာ ကားဖြင့်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသော်လည်း မည်သည့်နေ့က ခေါ်ဆောင်သွားကြောင်းမသိရပေ။

ပြီးခဲ့သည့် ဇန်န၀ါရီ ၁၄ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ ငါးမြောင်ကျေးရွာတွင် အသက် ဆယ်ကျော်အရွယ် ကလေး ၃ ဦးအပါအ၀င် မိသားစု ၈ ဦးသတ်ဖြတ်ခံခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ