Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား ပြန်လွှတ်ပေးရန် ကချင်ခရစ်ယာန်အဖွဲ့ချုပ်တောင်းဆို

ဒီဇင်ဘာ ၅ ရက်နေ့က စစ်ကောင်စီမှ ဖမ်းဆီးထားသည့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား ပြန်လွှတ်ပေးရန် ကချင်နှစ်ခြင်းအဖွဲ့ချုပ်က သဘောထားထုတ်ပြန်တောင်းဆိုလိုက် သည်။

ဒီဇင်ဘာလ ၅ရက်နေ့ နံနက် ၉နာရီခွဲအချိန်တွင် ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ဆေးကုသရန်သွားရာ မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောက်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသည့်အကြောင်းရင်းကို တိတိကျကျမသိရသော်လည်း ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားခြင်းခံရသူဖြစ်ကြောင်းဟု KBC မှ ဓမ္မဆရာတစ်ဦးကဆိုသည်။

သိက္ခာတော်ရ ဆရာတော်ဒေါက်တာ ခလမ်ဆမ်ဆွန်သည် KBC ၏ အတွင်းရေးမှူးအဖြစ် ၈ နှစ်နှင့် ဥက္ကဌအဖြစ် ၄ နှစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်လည်း KBC၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ခုနှစ်က လူနည်းစုတိုင်းရင်းသားများအပေါ် စစ်ကောင်စီက ဘာသာရေးလွတ်လပ်ခွင့်ဖိနှိပ်မှုနှင့်ပတ်သက်ပြီး ဒေါက်တာခလမ်ဆမ်ဆွန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား တင်ပြချက်အပေါ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး သန်းထိုက်က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အမှုပြန်လည်ရုပ်သိမ်းခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ