Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် ကလေး ၃ ဦးအပါအ၀င် မိသားစု၀င် ၈ ဦးအသတ်ခံရပြီး အဖိုးတန်ပစ္စည်းများ လုယူခံရ

ABN-မေအိအိအောင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ၊ငါးမြောင်ကျေးရွာတွင် အသက် ၁၅၊ ၁၆ နှင့်၅ နှစ် ကလေး ၃ဦးအပါအ၀င် မိသားစု ၈ ဦးလုံးအသတ်ခံရကြောင်း သိရသည်။

အဆိုပါမိသားစုမျာ ယမန်နေ့ ဇန်န၀ါရီ ၁၄ ရက် နံနက် အချိန် ၁ နာရီခန့်တွင် အမည်မသိလူတစ်စုမှ ထိုမိသားစု နေအိမ်သို့ လာရောက်ပြီး သေနတ်များ ၊ ဓားများဖြင့်ခုတ်၍ သတ်ဖြတ်သွားပြီး အဖိုးတန် ပစ္စည်းများလည်းယူဆောင်သွားကြောင်း သိရသည်။

သတ်ဖြတ်ခံရသည့် မိသားစု၀င်များမှာ အိမ်ပိုင်ရှင် ဦးကျော်လှိုင် အသက် ၇၀ နှစ်၊ ဒေါ်မဲညွန့် အသက် ၆၅ နှစ်၊ အသက် ၄၀ အရွယ် ဒေါ်နှင်းမြလှိုင် သမီးဖြစ်သူ မဆုမြတ်စံ အသက် ၁၅နှစ်၊ အသက် ၄၀ ၀န်းကျင် ဦးတင်မျိုး၀င်း နှင့်ဇနီး ဒေါ်နှင်းမြခိုင်၊သမီးဖြစ်သူ မရွေဘုံစံ အသက် ၁၂ နှင့် သားဖြစ်သူ မောင်ခန့်ဇေယျာမျိုး အသက် ၅ နှစ်တို့ဖြစ်ကြသည်။

အိမ်ပိုင်ရှင်ဖြစ်သည့် အသက် ၇၀ အရွယ် ဦးကျော်လှိုင်မှာ ၂၀၂၂ ရွေးကေားက်ပွဲကာလတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မဲဆွယ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ရာတွင် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ် ကြောင်းသိရသည်။

အဆိုပါမိသားစု သတ်ဖြတ်ခံရခြင်းနှင့်ပတ်သတ်၍ စစ်တပ်နှင့် ရဲများကလည်း လာရောက်စုံစမ်းစစ်ဆေးခြင်းမရှိကြောင်းသိရသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် NLD ပါတီထောက်ခံသူများ ၊ ပတ်သတ်သူများနှင့် တော်လှန်ရေးကို အားပေးထောက်ခံသူများကို စစ်ကောင်စီက အသုံးပြုသည့် ပျူစောထီးများက သတ်ဖြတ်ခြင်း ၊ရွာများကိုမီးရှို့ခြင်းများ ပြုလုပ်လျက်ရှိသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူတွင် ကလေး ၃ ဦးအပါအ၀င်  မိသားစု၀င် ၈  ဦးအသတ်ခံရပြီး အဖိုးတန်ပစ္စည်းများ လုယူခံရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ