Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် အမည်မသိအဖွဲ့တစ်ဖွဲ့မှ ဓားမြတိုက်ပြီး နေအိမ်အတွင်းရှိ လူ ၅ဦးကိုပစ်သတ်ခဲ့

စစ်ကိုင်းတိုင်းတွင် အမည်မသိအဖွဲ့တစ်ဖွဲ့မှ ဓားမြတိုက်ပြီး နေအိမ်အတွင်းရှိ လူ ၅ဦးကိုပစ်သတ်ခဲ့

ABN-ရှိုင်းမိုး

သြဂုတ် ၂၆ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်ထဲရှိ ငါးမြောင်ရွာမှ နေအိမ်တစ်လုံးမှာ ဓားမြတိုက်ခံရပြီး၊ အိမ်ထဲ၌အိပ်ပျော်နေသော လူ ၅ဦးလည်း ပစ်ခတ်ခံခဲ့ရသည်ဟုသိရှိရသည်။

ထိုလူသတ်မှုနှင့် ဓားမြတိုက်မှုသည် သြဂုတ်လ ၂၅ရက်နေ့ မနက် ၂နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အသတ်ခံရသူများထဲတွင် အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၃ဦးဖြစ်ကြောင်းသိရှိရသည်။

အသတ်ခံရသူများသည် သက်ကြီးပိုင်အရွယ်များဖြစ်ကြပြီး၊ အမျိုးသား ၂ဦးမှာ အသက် ၆၅နှစ်အရွယ် ဦးသန်းဝင်း၊ အသက် ၆၅နှစ်အရွယ် ဦးကျော်အေးနှင့် အမျိုးသမီး ၃ဦးမှာ အသက် ၅၅နှစ်အရွယ် ဒေါ်သန်းငွေ၊ အသက် ၅၅နှစ်အရွယ့ ဒေါ်ခင်စန်းဝင်းနှင့် အသက် ၄၆နှစ်အရွယ် ဒေါ်မကြိုင်တို့ဖြစ်ကြောင်းသိရသည်။

အမည်မသိလက်နက်ကိုင်အဖွဲ့သည် အိမ်တွင်းရှိ ရွှေထည်ပစ္စည်းများကိုယူသွားပြီး အိပ်ပျော်နေသော မိသားစုဝင် ၅ဦးကိုပစ်သတ်ခဲ့ကြောင်းသိရှိရသည်။

ထိုမှုခင်းဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး ကန့်ဘလူခရိုင် လုံခြုံရေးအဖွဲ့က သြဂုတ်လ ၂၅ရက်နေ့က အမည်မသိသော လက်နက်ကိုင်အဖွဲ့ရောက်ရှိနေခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်။

ထိုပစ်သတ်ခံရသူ ၅ဦးသည် နိုင်ငံရေးအရောင်အသွေးရှိကြပြီး ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများဖြစ်ကြကြောင်း သိရသည်။

သြဂုတ်လ ၁၃ရက်နေ့ကလည်း ကန့်ဘလူမြို့ အမှတ် ၂ရပ်ကွက် ဘိုးဘွားရိပ်သာလမ်းနားရှိသည့် နေအိမ်တစ်လုံးတွင်လည်း ၅လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ