Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘောဇတိုင်းမ် သတင်းဌာန၏ အယ်ဒီတာချုပ် ဖမ်းစီးခံရ

ရှမ်းပြည်နယ် ကမ္ဘောဇတိုင်းမ် သတင်းဌာန၏ အယ်ဒီတာချုပ် ဦးကျော်ဇေယျကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ဒီဇင်ဘာ ၂၅ ရက်နေ့ တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်သားနှင့်ရဲများပူးပေါင်းကာ ဦးကျော်ဇေယျအား ကြို့ပင်ကောက်ရှိ ၎င်းနေအိမ်တွင် နံနက်အရုဏ် ၃နာရီခန့်လောက်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး ၎င်းနဲ့အတူ ပစ္စည်းတချို့ကိုလည်း သိမ်းဆည်း သွားကြောင်း သိရသည်။

၎င်းကို လက်ရှိတွင် ကြို့ပင်ကောက်ရှိ စစ်ကြောရေတွင် စစ်ဆေးနေကြောင်း သိရှိရသည်။

ကမ္ဘောဇတိုင်းမ် အယ်ဒီတာချုပ် ဦးကျော်ဇေယအား လက်ရှိတွင် ကြို့ပင်ကောက်မြို့တွင် ဖမ်းစီးချုပ်နှောင်ထားသလို ကမ္ဘောဇတိုင်းမ် သတင်းဌာနမှ ထုတ်ဝေသူအပါအ၀င် အယ်ဒီတာအဖွဲ့၀င် စုစုပေါင်း၄ ဦးအား ပုဒ်မ ၅၀၅ဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးထောင်ချခဲ့ပြီးဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ လွတ်လပ်သည့် သတင်းဌာနများနှင့် သတင်းသမားများအား မတရားပုဒ်မမျိုးစုံတပ်ကာ ဖမ်းဆီးထောင်ချခြင်းများပြုလုပ်လျက် ရှိနေသည်။

ကမ္ဘောဇတိုင်းမ် သတင်းဌာန၏ အယ်ဒီတာချုပ် ဖမ်းစီးခံရ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ