Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အမ်းနှင့် မောင်တောသို့ အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး၊ ၁၈ ဦးဒဏ်ရာရ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းနှင့် မြောက်ပိုင်းစစ်ဌာနချုပ်တည်ရှိရာ မောင်တောသို့ ရက္ခိုင့်တပ်တော်က ဧပြီ ၁၀၊ ၁၁ ရက်နေ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးကာ ၁၈ ဦးဒဏ်ရာရသွားခဲ့ကြောင်း AA က ယနေ့ထုတ်ပြန်လိုက်သည်။

အမ်းမြို့နယ် မင်းဘော် ရွာ၏ တောင်ဘက် မီတာ ( ၁၀၀၀) ခန့်အကွာနှင့် မောင်တောမြို့နယ် ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် ၂.၅ ကီလိုမီတာခန့်အကွာတွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတပ်တို့ ၂ ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားများ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း AA၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၁) ရက် နံနက် (၁၁) နာရီ (၂၀) မိနစ်အချိန်တွင် အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ကြိုကြားကြိုကြားတိုက်ပွဲများနှင့်အတူ ညနေ (၄) နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မျက်မြင် (၅) ဦး သေဆုံးကာ (၁၀) ဦးခန့်ဒဏ်ရာရရှိခဲ့သည်” ဟု ဖော်ပြထားသည်။

ထို့အတူ ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်တွင် မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် (၂.၅) ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တောကျော်လမ်း) တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ (၁) နာရီနားပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ (၆) ဦး သေဆုံးပြီး (၈) ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း AA ကဆိုသည်။

လက်နက်ချအညံ့မခံသေးသောအကြမ်းဖက် စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီးကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချ အညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် AAက ထပ်မံသတိပေးထားသည်ကိုလည်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ