Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ်ရှိ ရွာများကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပစ်ခတ်နေ ၊ ပြည်သူများထွက်ပြေးနေကြရ

ရက္ခိုင်​ပြည်၊ သံတွဲမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီက အနီးအနားရွာများသို့ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်လျက်ရှိ​သောကြောင့်ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီက ယနေ့ မေလ ၁၅ ရက် နံနက်ပိုင်းက လင်းသီရွာ တစ်ဖက်ကမ်းနှင့် အနီးအနားရှိရွာများသို့ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦး AB News သို့ပြောသည်။

“အနီးက ရွာဖက်တွေကိုဂျက်နဲ့လှမ်းပစ်နေတယ်။ ကျမတို့လည်း ပြေးနေရတယ်။ ဘယ်ရွာတွေမှာ ကျရောက်ပေါက်ကွဲတာကိုမသိရသေးဘူး၊ ပြေးကြလွှားကြတုန်းပဲ” ဟု ဆိုသည်။

ထို့အပြင် သံတွဲအခြေစိုက် တပ်ရင်းများမှလည်း ဟောင်ဝှစ်ဇာအမြှောက်ဖြင့် ရပ်ရွာများသို့ လှမ်းပစ်နေကြောင်း သိရသည်။စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။

အချို့မှာဗုံးခိုကျင်းထဲတွင် ဝပ်နေကြရကာ လက်နက်ကြီးပေါက်ကွဲမှုကြောင့် မြေများတုန်ခါသွားသည်ဟု ဒေသခံများထံမှ တဆင့်သိရသည်။

ယမန်နေ့ မေလ ၁၄ ရက် ည ၉ နာရီခန့်တွင် ဘားတောင်းတောင်ပေါ်မှ အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လင်းသီရွာတွင် ကျရောက်ပေါက်ကွဲပြီး သားမိသားဖ ၃ ဦးအပါဝင် ၇ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူနေ ရပ်ရွာများ၊ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများကို ဦးတည် ပစ်မှတ်ထားကာ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက် လာသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ