သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲမြို့နယ်တွင် ကျေးရွာ ၂ ရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်

AB News-အောက်တိုဘာလ ၂၆၊ ၂၀၂၄

ရက္ခိုင်ပြည် သံတွဲမြို့နယ်တွင် ကျေးရွာ ၂ ရွာမှ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက Jet Fighter ဖြင့် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ကျောင်းထိုင်ဘုန်းတော်ကြီး ၁ ပါး ထိခိုက်ဒဏ်ရာရသွားပြီး ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများလည်း ပျက်စီးသွားသည်ဟု သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် သံတွဲမြို့နယ်ရှိ ခမောင်းတုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဆင်းခေါင်းကျေးရွာ အထက်တန်းစာသင်ကျောင်းတို့အား Jet တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ခမောင်းတုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆောင်ကြီး၏ ခေါင်မိုး၊ အုတ်နံရံများနှင့် ကျောင်းတွင်းရှိ သာသနိက အသုံးအဆောင်ပစ္စည်းများ အားလုံး ဗုံးထိမှန်ကာ ပျက်စီးသွားခဲ့ရပြီး ကျောင်းထိုင်ဆရာတော် ဘွဲ့တော် ဦးဉာဏိက ၏ ဘယ်ဖက်ပေါင်တွင် ဒဏ်ရာကြီး ၂ ချက်နှင့် ဘယ်ဖက်လက်တို့တွင် ကျည်စထိမှန် ဒဏ်ရာပေါက်ငယ်များစွာ ရသွားသည်ကို တွေ့ရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်တွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသွားသည့် သံတွဲမြို့နယ်၊ ခမောင်းတုန်းကျေးရွာမှ ကျောင်းထိုင်ဆရာေတာ် ဦးဉာဏိက အား ဒဏ်ရာများဖြင့် တွေ့ရစဥ်

တချိန်တည်းတွင် ဆင်ခေါင်းကျေးရွာရှိ အထက်တန်းပညာသင်ကျောင်းလည်း စစ်ကောင်စီ၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုခံခဲ့ရပြီး ကျောင်းဆောင် တစ်ခုလုံး လုံးဝ ပြိုကျ ပျက်စီးသွားသည်။

ထို့အပြင် ယင်းနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နံနက် ၄ နာရီကျော်ခန့်တွင် သံတွဲမြို့၊ အမှတ် ၈ ရပ်ကွက်တွင်ရှိသည့် ကြံ့ခိုင်ဖွံ့ဖြိုး တိုးတက်ရေးပါတီရုံး (USDP)နှင့် စကစ၏ စစ်သားသစ်စုဆောင်းရေးရုံးတို့အား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောင်များ အားလုံးနီးပါး ပြိုကျသွားပြီး စစ်ဘေးရှောင် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရသွားခဲ့သည်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေအရ သာသနိက အဆောက်အဦးများနှင့် စာသင်ကျောင်းများစသည်တို့ကို ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခြင်း မပြုရဟု တားမြစ်ထားသော်လည်း စစ်ကောင်စီသည် ရက္ခိုင်ပြည်အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် ကာကွယ်ပေးရမည့် နေရာများကို ပစ်မှတ်ထားကာ ပစ်ခတ် တိုက်ခိုက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
By proceeding you understand and give your consent that your IP address and browser information might be processed by the security plugins installed on this site.
×