Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းများ ပိတ်ထားသည့်အတွက် သံတွဲတွင် စက်သုံးဆီပြတ်နေ၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေ

AB News-နိုဝင်ဘာ ၁၈၊၂၀၂၃

စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ထားသောကြောင့် ရက္ခိုင်ပြည် သံတွဲမြို့တွင် စက်သုံးဆီ ပြတ်လပ်နေသည်မှာ ၄ ရက်ခန့်ရှိနေပြီဖြစ်ကာ ကား၊ ဆိုင်ကယ်၊ သုံးဘီးကား (ဒေသအခေါ်- တုတ်တုတ်ချေ)များမှာ မနက် ၆ နာရီလောက်ကတည်းက ဆီဆိုင်ရှေ့တွင် တန်းစီ စောင်းဆိုင်းနေကြရကြောင်း သိရသည်။

သံတွဲ တစ်မြို့လုံးတွင် ယနေ့မနက်က Sin Taw Kauk-ဆံတော်ကောက် ဆီဆိုင်တစ်ခုတွင်သာ ဝယ်၍ ရနိုင်တော့ကြောင်း သိရသည်။

စက်သုံးဆီပြတ်လပ်မှုကြောင့် သံတွဲမြို့၏ အဓိက ရေလုပ်ငန်း လုပ်ကိုင်သူများမှာ အလုပ်ရပ်နားထားရသည်အထိ ဖြစ်နေသည်ဟု သံတွဲ မြို့ခံ တစ်ဦးက AB News သို့ပြောသည်။

“သံတွဲမှာ ဆီလုံးဝ ပြတ်သွားသလို ဖြစ်နေပြီ။ ဟိုနေ့တွေက ၃ ဆိုင်လောက်မှာ အကန့်အသတ်နဲ့ ဝယ်လို့ကသေးတယ်။ ဒီနေ့တော့ ဆံတော်ကောက် တစ်ဆိုင်ဲ ရတော့တယ်ဗျာ။ ရေလုပ်သားတွေကတော့ အလုပ်ရပ်နားထားရတာ ၂ ရက် ၃ ရက်ရှိနေပါပြီ” ဟု ပြောသည်။

လက်ရှိ ဆီရောင်းချပေးနေသည့် ဆံတော်ကောက်ဆီဆိုင်တွင်လည်း ဆိုင်ကယ် ၁ စီးလျင် ဆီ ၃၀၀၀ ဖိုး၊ ကားတစ်စီးလျှင် ၁၀၀၀၀ ဖိုးသာ အကန့်အသတ်ဖြင့် ရောင်းချပေးနေပြီး တစ်ရက်လျှင် ဆိုင်ကယ် အစီးရေ ၅၀၀ သာ ရောင်းချပေးကြောင်းပြောသည်။

စက်သုံးဆီ ပြတ်လပ်နေပြီဖြစ်သော်လည်း ဆီတစ်လီတာလျှင် ၂၂၃၀ ကျပ်ဖြင့် ပုံမှန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

သံတွဲ-ရန်ကုန်ကားလမ်းကို ယနေ့ မနက်ကစပြီး ပြန်လည် ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်တွင်း ကားလမ်း၊ ရေလမ်းများကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၃ ရက်နေ့စပြီး ပိတ်ထားခြင်းဖြစ်ပြီး မြို့နယ်အများစုတွင် အခြေခံ လူသုံးကုန်ပစ္စည်းနှင့် ဆေးဝါးများ ပြတ်လပ်နေကြပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-Sin Taw Kauk ဆီဆိုင်ရှေ့တွင် ယနေ့မနက်က ဆီဖြည်ရန် စောင့်ဆိုင်းနေကြသည့် လူအုပ်အား တွေ့ရစဥ်/CJ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ