Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူပိုင်နေအိမ် များကို ဘတ်ဟိုးဖြင့် ဖျက်ဆီး

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်ရပ်ကွက် ၊ မီးလောင်ကွင်းစုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူပိုင်နေအိမ် များကို ဘတ်ဟိုးဖြင့် ဖျက်ဆီးနေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ ဧပြီလ ၁၂ ရက်၊ ညနေ ၃ နာရီကျော်တွင် ဘတ်ဟိုးတစ်စီးဖြင့် ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးနေကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

ဌာနဆိုင်ရာ ပေါင်းစုံပါတယ်။ ပြည်သူပိုင်နေအိမ်တွေကို ဘတ်ဟိုးနဲ့ ဖျက်ဆီးနေပါတယ်။ အိမ် ၆ ဆောင်လောက်ပျက်စီးသွားပါပြီ။ ဟု

ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများကို အသိမပေးဘဲ အိမ်များကို အဓမ္မဖြိုဖျက်စီးနေသည့်အတွက် ဒေသခံပြည်သူများလည်း စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

လက်ရှိအချိန်ထိ နေအိမ်များကို ဘတ်ဟိုးဖြင့် ဖျက်စီးနေလျက်ရှိကြောင်း တွေ့ရသည်။

အိမ်များ ဖျက်ဆီးခံရသည့် နေအိမ်ပိုင်ရှင်များကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

#ABN# ကျောက်ဖြူ# စစ်ကောင်စီအဖွဲ့ ပြည်သူပိုင်နေအိမ်များကို ဘတ်ဟိုးဖြင့်ဖျက်ဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ