Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၅ နှစ်မြောက် ရက္ခိုင့်တပ်တော်နေ့ကို ဂျပန်နှင့် မလေးရှားနိုင်ငံတို့တွင်ကျင်းပ

AB News – ဧပြီ ၇၊ ၂၀၂၄

နိုင်ငံတကာရောက် ရက္ခိုင်လူမျိုးများ ၁၅ နှစ်မြောက် ရက္ခိုင့်တပ်တော် (Arakan Army) နေ့ကို မလေးရှားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့တွင် ကျင်း​ပ​ပြုလုပ်နေကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော်နေ့ အခမ်းအနားကို ဂျပန်နိုင်ငံရောက် ရက္ခိုင်သူ/သားများက ဦးဆောင်ပြီး တိုကျိုမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် ( Arakan Army) ကို ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စတင်တည်ထောင်ခဲ့ပြီး ယခုနှစ် ဧပြီလ ၁၀ရက် နေ့သည် ရက္ခိုင့်တပ်တော်၏ ၁၅ နှစ်မြောက်တပ်မွေးနေ့ဖြစ်သည်။

ထိုအခမ်းအနားတွင် ရက္ခိုင်ရိုးရာအကများနှင့် ရက္ခိုင်အမျိုးသားရေး သီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့သည့်အပြင် ကံစမ်းမဲဖောက်မှုများလည်း ရှိကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို မလေးရှားနိုင်ငံတွင်လည်းပြုလုပ်လျက်သည်။ ထိုပွဲတွင် ရက္ခိုင်အဆိုတော်များကလည်း သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(AA)ကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် KIO ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရက္ခိုင့်တပ်တော်နေ့ အဖြစ်သတ်မှတ်ကာ နှစ်စဉ် ယင်းနေ့ရောက်တိုင်း အခမ်းအနား ပြုလုပ်ကျင်းပကြသည်ကို တွေ့ရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်တော်သည် မြောက်ပိုင်းမဟာမိတ်များနဲ့ လက်တွဲကာ စစ်အာဏာရှင်ပြုတ်ကျရေး၊ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်များရရှိရေးတို့အတွက် တိုက်ပွဲဝင်လျက်ရှိပြီး ရက္ခိုင်တွင်လည်း စစ်ကောင်စီတပ်နှင့် နိုင်ငံရေး၊ စစ်ရေးအရ တင်းမာလျက်ရှိနေသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ