Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သံတွဲတွင် စျေးဝယ်ရာမှပြန်လာသည့်  အမျိုးသမီး ၁ ဦးကို စစ်ကောင်စီဖမ်းဆီး

ရက္ခိုင်ပြည်၊ သံတွဲမြို့တွင် စျေးဝယ်ရာမှပြန်လာသည့် အမျိုးသမီး ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ သံတွဲမြို့နယ်၊ ဘောက်တောင်ရွာမှ အသက် ၂၉ နှစ်အရွယ် မမေသဇင်ဖြစ်ကြောင်း သိရသည်။

မမေသဇင်သည် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ ညနေ ၆ နာရီကျော်တွင် သံတွဲစျေးမှ စျေးဝယ်ပြီး ပြန်လာစဥ် တံတားဦးမီးပွိုင့်အရောက်တွင် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

သူမက ညနေ ၆ နာရီလောက်မှာ စျေးဝယ်ဖို့ဆိုပြီး မြို့မစျေးကိုသွားပါတယ်။ ပြန်လာတဲ့အချိန်မှာ တံတားဦးမီးပွိုင့်နားက စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်။ ဘာလို့ ဖမ်းဆီးတာကိုတော့ မသိဘူး ဟု

ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သားများက ဖမ်းဆီးပြီး သံတွဲရှိ ခလရ ၅၅ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် မည်သည့်အတွက်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုကား မသိရှိရသေးပေ။ပြီးခဲ့သည့် ဧပြီလ ၆ ရက် နံနက်ပိုင်းကလည်း ကျောက်ဖြူမြို့ အခြေစိုက် သစ်ပုတ်တောင် ရေတပ်စခန်းဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စည်မော်ရွာမှ အသက် ၃၀ ကျော်အရွယ် ကိုဝေတင်အောင်အား ရိုက်နှက်ဖမ်းဆီးပြီး ခေါ်ဆောင်သွားခဲ့သည်။

ရက္ခိုင်တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့မှ ယခုနှစ် မတ်လ ၂၁ ရက်နေ့အထိ ၄လကျော်ကာလအတွင်းအကြမ်းဖက်စစ်ကောင်စီ၏ မတရားဖမ်းဆီး၊ ထိန်းသိမ်းခံထားရသူ ၄၇၁ ဦးအထိ ရှိပြီး ထိုအထဲတွင် ကျား ၄၂၄ဦးနှင့် မ ၄၇ ဦး ပါဝင်ကြောင်း HDCO က ဧပြီလ ၄ ရက်နေ့ကထုတ်ပြန်ထားကြောင်း တွေ့ရသည်။

#ABN# သံတွဲ# စစ်ကောင်စီဖမ်းဆီး#

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ