သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မီဇိုရမ်ပြည်နယ် ၊ လောင်တလိုင်တွင် မြေပြိုမှုဖြစ်ပွား ၊ ရက္ခိုင်ကုန်သည် ၆ ဦးပိတ်မိနေ

AB News – ဇွန် ၁ ၊ ၂၀၂၅
ချန်ဒြာ

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ လောင်တလိုင်တွင် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ​​မြေပြိုကျမှုထဲတွင် ​ရက္ခိုင်ကုန်သည် ၆ ဦးပါဝင်သွားခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့၊ မေလ ၃၁ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်တွင် လောင်တလိုင်၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ခရီးသွားများတည်းခိုနေသည့် Pari Hotel နှင့် နေအိမ် ၆ ဆောင်ခန့် မြေပြိုကျရာ၌ပါဝင်သွားခဲ့ရာ Hotel  တွင် တည်းခိုနေသည့် ရက္ခိုင်ကုန်သည် ၆ ဦး မြေပြိုကျမှုထဲ ပိတ်မနေကြောင်း  လောင်တလိုင်ရောက် ရက္ခိုင်ကုန်သည် ၁ ဦးက AB News သို့ပြောသည်။

” လောင်တလိုင်က တောင်ပေါ်ဒေသဖြစ်တေ့ာ နှစ်တိုင်း ဒီလိုမိုးရာသီဆို မြေပြိုကျမှု ဖြစ်လေ့ရှိတယ်။ မြေပြိုကျမှု​ကြောင့် ပိတ်မိနေတဲ့သူတချို့ရှိတယ်။ လူတော်တော်များများလည်းထိခိုက်ဒဏ်ရာရသွားကြတယ်။ အခုတေ့ာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပြီ” ဟု ဆိုသည်။

မြေပြိုကျမှုကြောင့် ပိတ်မိနေသူများကို ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့စည်းများနှင့် ကုန်သည်များက ပူးပေါင်းလုပ်ဆောင်နေကြပြီး လက်ရှိတွင် ရက္ခိုင် ကုန်သည် ၁ ဦးအား ကယ်ဆယ်၍ ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်၍ အကြမ်းဖက် စစ်ကောင်စီက ရက္ခိုင်သို့ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။

ထိုအချိန်မှစ၍ ရက္ခိုင်၌ ကုန်စည်စီးဆင်းမှုများနှင့်ပတ်သတ်၍ မီဇိုရမ်ပြည်နယ် ၊ လောင်တလိုင်ကို အားကိုးနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်