Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်တွေတွင် စစ်ဘေးရှောင် ၅ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ၊ ၁၀၀ ဦးထက်မနည်းကို ‌စစ်ကောင်စီက ဖမ်းဆီးသွား

ရက္ခိုင်ပြည်၊ စစ်တွေမြိုနယ်တွင် ယမန်နေ့ ဧပြီလ ၂၀ရက်နေ့ ညနေပိုင်း ၉နာရီ အချိန်ခန့်က  စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ထွက်ပြေးကြစဥ် မိုင်းနင်းမိ၍ စစ်ဘေးရှောင် ၅ဦးထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ အများအပြားရရှိခဲ့ပြီး  ၁၀၀ ဦးထက်မနည်းကို စစ်ကောင်စီအဖွဲ့က ဖမ်းဆီးသွားကြောင်း ထွက်ပြေးလွတ်မြောက်လာသူများက အတည်ပြုပြောဆိုသည်။

သေဆုံးခဲ့သူများမှာ ဗျိုင်းဖြူရွာမှ ၂ဦးနှင့် ကျေးတောရွာမှ ၃ဦး ဖြစ်ကြောင်း သိရသည်။

စစ်တွေမြိုနယ်၊ ကံ့ကော်ကျွန်းကျေးရွာအနီးရှိ ကွင်းပြင်သို့ စစ်ဘေးရှောင်များ ဖြတ်သန်းသွားလာစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်သောကြောင့် ထွက်ပြေးကြရာတွင် မိုင်းနင်းမိပြီး စစ်ဘေးရှောင် ၅ဦးထက်မနည်း သေဆုံးခဲ့ကာ ဒဏ်ရာအများအပြား ရရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာသူ စစ်ရှောင်အမျိုးသမီး ၁ဦးက AB News သို့ ပြောကြားသည်။

“ကျမတို့အပါအဝင် စစ်တွေမြို့နယ်က ကျေးရွာတွေမှာ ပိတ်မိနေသူ ၂၀၀ ကျော်ဟာ ဘေးလွတ်ရာ ထွက်ပြေးလာကြတာပါ။ အဲ့ဒီမှာ ကံကော်ကျွန်းရွာနားက ကွင်းပြင်ကို ဖြတ်တဲ့အချိန် စစ်သားတွေက ပစ်ခတ်ခဲ့တယ်။ အကုန်လုံး ကြောက်လန့်ပြီးတော့ ထွက်ပြေးရာမှာ မိုင်းနင်းမိတာပါ” ဟု ဆိုသည်။

ကံ့ကော်ကျွန်းရွာအနီး၌ ဖမ်းဆီးခံရသည့် စစ်ရှောင်ပြည်သူ ၁၀၀ ကျော်အား စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာချုပ်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

စစ်တွေမြိုနယ်အတွင်းရှိ စစ်ကောင်စီအဖွဲ့ အခြေချတပ်စွဲထားသည့် အနီးပတ်ဝန်းကျင်နေရာများ၊ စစ်တွေဟိုတယ်အနီး ကမ်းခြေ တောက်လျှောက်တွင်လည်း စစ်ကောင်စီက မိုင်းအမျိုးမျိုးထောင်ထားကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ