စစ်တွေတွင် ပျောက်ဆုံးနေသည့် ကလေး ၃ ဦးတွင် ၁ ဦး၏ အလောင်းကို ယနေ့ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်က တွေ့ရှိခဲ့သည်။
ရုပ်အလောင်းမှာ စစ်တွေ တက္ကသိုလ် ၄ ထပ်ဆောင်မှ မောင်ဇွဲဘုန်းခန့်ဖြစ်ပြီး ၎င်းကို စစ်တွေမြို့ ကျေးတောရွာမချောင်းထဲတွင် ပေါ်နေသည်ကိုတွေ့ရခြင်းဖြစ်သည်။
ထိုရုပ်အလောင်းအား စစ်တွေဆေးရုံသို့ မေတ္တာရောင်ခြည်ပရဟိတ အသင်းမှ ကားဖြင့် ယူဆောင်သွားပြီဖြစ်ကြောင်းသိရသည်။
နောက်ထပ်ပျောက်ဆုံးနေသည့် ၄ တန်းကျောင်းသား ၁၀ နှစ်အရွယ် ကလေး ၂ ဦးကိုလည်း ကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များက နေရာအနှံ့လိုက်လံ ရှာဖွေလျက်ရှိနေကြသည်။

