သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရသေ့တောင်မြို့နယ်တွင် ၂ရက်ကြာပျောက်ဆုံးနေသော အမွှာ မောင်နှမ ၂ဦးကို ရေနစ်သေဆုံးလျက်ပြန်တွေ့

ABN-ရှိုင်းမိုး

သြဂုတ် ၁၆ရက်

ရခိုင်ပြည် ရသေ့တောင်မြို့နယ် လေးခွဆုံရွာဟောင်းမှ သြဂုတ်လ ၁၂ ရက်နေ့က ပျောက်ဆုံးနေသော အမွှာ မောင်နှမ ၂ဦးကို ရွာရှေ့ကချောင်းထဲတွင် ရေနစ်သေဆုံးလျက် တွေ့ရှိခဲ့သည်ဟုသိရသည်။

ထို အမွှာ မောင်နှမ ၂ဦးသည် လေးခွဆုံရွာဟောင်းမှ ဒေါ် မညွန့်နှင့် ဦးသိန်းကျော်မောင်၏ သားနှင့် သမီးဖြစ်ကြောင်းသိရသည်။

ထိုအမွှာ၂ဦးမှာ အသက် ၇နှစ်အရွယ် မအေးမြတ်ဖြူနှင့် မောင်ထက်ကျော်လင်းတို့ဖြစ်သည်ဟု သိရှိရသည်။

၎င်းမောင်နှမ ၂ယောက်သည် သြဂုတ်လ ၁၂ရက်နေ့ နေ့လည်ပိုင်း ၄နာရီကျော်အချိန်က ကျောင်းဆင်း၍ ပြန်လာပြီး ချောင်းထဲ၌ ရေးကစားရာမှ ရေနစ်သွားခဲ့သည်ဟု သိရသည်။

ထိုနေ့တွင် သူ၏ မိဘများသည် ဂဏန်းမြုံးထောင်ရန် နေအိမ်မှထွက်သွားပြီး၊ မိဘများမထွက်သွားမီက အမွှာမောင်နှမ ၂ဦးသည် အိမ်တွင်ကျန်နေခဲ့၍ မိဘများပြန်ရောက်ချိန်တွင် ရှာမတွေ့ခဲ့ဘဲ ပျောက်ဆုံးနေခဲ့သည်ဟု ရွာခေါင်းဆောင် ဦးထွန်းမြင့်ကပြောသည်။

“ကလေးတွေက ကျောင်းဆင်းပြီး အိမ်ပြန်လာကြတယ်၊ သူတို့အိမ်ပြန်ရောက်လို့ မိဘတွေက ဂဏန်းမြုံးသွားထောင်ကြတယ်၊ မိဘတွေအိမ်ကထွက်သွားတဲ့အချိန်က အိမ်မှာကျန်နေခဲ့တယ်၊ အိမ်ပြန်ရောက်တာနဲ့ ကလေးနှစ်ယောက်က မရှိတော့ဘူး၊ ဒါကြောင့် မိသားစုတွေလိုက်ရှာကြတယ်၊ ဒါပေမယ့်မတွေ့ဘူး” ဟုပြောသည်။

ထိုအမွှာကလေး၂ဦးကို ရွာသားများနဲ့ ဝိုင်းဝန်းရှာကြသော်လည်းမတွေ့ရှိဘဲ သြဂုတ်လ ၁၃ရက်နေ့ ညနေဖက်က ညီမဖြစ်သူကိုတွေ့ရှိခဲ့ပြီး၊ သြဂုတ်လ ၁၅ရက်နေ့ နံနက်ပိုင်းက မောင်ဖြစ်သူကို ရွာရှေ့ကချောင်းတွင် တွေ့ရှိခဲ့သည်ဟု ကိုမောင်အေးသာက ပြောသည်။

“၁ရက်ကျော်ကြာမှ ညီမဖြစ်သူကိုတွေ့တယ်၊ နောက်တစ်ရက် မနက်ရောက်တော့ အစ်ကိုဖြစ်သူကိုထပ်တွေ့တယ်၊ ကလေးနှစ်ယောက်က ရေကစားကြတယ်ထင်တယ်၊ ဒါပေမယ့် သူတို့ပျောက်တုန်းက သတိမထားမိကြဘူး၊ ကုန်ပေါ်မှာဘဲရှာကြတယ်၊ ရေထဲမှာမရှာကြဘူး၊ နောက်မှ သတိထားမိလို့ ရေထဲကိုလိုက်ရှာတဲ့အချိန်မှာတွေ့တာ” ဟု၎င်းကဆိုသည်။

ထိုကလေးငယ် ၂ဦးမှာ အမွှာ မောင်နှမ ၂ဦးဖြစ်ပြီး၊ သြဂုတ်လ ၁၂ရက်နေ့ ညပိုင်းကျောင်းဆင်း၍ အိမ်ပြန်လာကြပြီး ပျောက်ဆုံးနေခဲ့သည်ဟုသိရသည်။

ရခိုင်တွင် ယခုလများတွင် ရေနစ်သေဆုံးသူများ သိသိသာသာ များနေသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ