AB News – ဇန်နဝါရီ ၃၊ ၂၀၂၄
ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့တွင် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး ယနေ့ ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် အမျိုးသား ၁ဦး ခြေ ၁ဘက် လုံးဝပြတ်ထွက်သွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။
ခြေ၁ဘက် လုံးဝပြတ်တောက်သွားသူမှာ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက် ဘေးလုံးကွင်းရွာသစ်မှ ဦးမြင့်သိန်း၏ သား မောင်ဆန်းလင်း ၂၂နှစ် ဖြစ်သည်။
ယနေ့ ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၂ဝ မိနစ်အချိန်ခန့်တွင် စစ်ကောင်စီအဖွဲ့ထောင်ထားသည့် မိုင်းနင်းမိပြီး ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှ မောင်ဆန်းလင်းမှာ ခြေ ၁လက် လုံးဝပြတ်တောက်သွားခဲ့သည်ဟု မြို့ခံ ၁ဦးက ပြောကြားသည်။
“ဒီနေ့ မနက် ၁၀ နာရီကျော်အချိန်မှာ မောင်ဆန်းလင်းဟာ ခမရ ၅၃၇တပ်ရင်းရဲ့ အောက်ဘက် မြစ်နားသို့ ငါးရှာသွားရာမှာ အဲ့ဒီစစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ပြတ်တောက်သွားတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁ ရက်နေ့ နေ့လည် ၂ နာရီ ၅၈ မိနစ်အချိန်တွင် ရသေ့တောင်မြို့ နယ်၊ကျောက်ပြင်ဆိပ်ရွာသား ၁ဦး နွားကျောင်းသွားရာတွင် စစ်ကောင်စီအဖွဲ့ ထောင်ထားသည့်မိုင်း နင်းမိပြီး ခြေထောက် ပြတ်ထွက်သွားခဲ့သည်။
စစ်ကောင်စီအဖွဲ့သည် ရက္ခိုင်တွင် လူနေရပ်ရွာအနီး၊ လူသွားလမ်း၊ လယ်ကွင်းများတွင် မိုင်းထောင်မှုများ ပြုလုပ်လာသည်ကို တွေ့ရသည်။