![ရသေ့တောင်မြို့တွင် မီးလောင်မှုဖြစ်၊ နေအိမ်၄လုံးပြာကျ](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/03/image-32.png?resize=650%2C650&ssl=1)
ABN-ထက်မြတ်ခင်
ရခိုင်ပြည် ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်တွင် ယနေ့ မိုးသောက်ယံ ၂ နာရီကျော်အခန့်က မီးလောင်းမှုဖြစ်ပွားရာ နေအိမ် ၄လုံး မီးလောင်ပြာကျသွားကြောင်းသိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရခြင်းမှာ ရသေ့တောင်မြို့ ရှေမြောက်ရပ်ကွက်တွင်နေထိုင်သူ ဦးကျော်ဝင်းမောင်၏ နေအိမ်မှ ခြင်ဆေးခွေထွန်းရာ၌ အနီးအနားရွိ ဝါးထရံသို့ မီးကူးစက်သွားပြီး မီးစလောင်ကာ နေအိမ် ၄လုံးပြာကျသွားသည်ဟု မျက်မြင်သက်သေတစ်ဦးပြောကြားချက်အရသိရသည်။
“လူတွေကတော့ မီးစလောင်တာနဲ့ထွက်ပြေးလိုလွတ်မြောက်သွားပါတယ်။ အိမ်၄လုံးကတော့ ဘာမှမကျန်ဘူး။ ငုတ်တွေပဲ ကျန်တော့တယ်” ဟုပြောသည်
မီးလောင်သွားသည့် နေအိမ်များမှာ ဦးကျော်ဝင်းမောင် နေအိမ်၊ ဦးမောင်ရွှေသိန်း နေအိမ်၊ ဦးသိန်းရွှေမောင်နေအိမ်နှင့် ဦးမောင်သိန်းရွှေ၏ နေအိမ်များဖြစ်ကြသည်။
ယမန်နေ့ မတ်လ ၂ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အောက်သကန်ကျေးရွာတွင် နေ့လယ် ၂နာရီဝန်းကျင်ခန့်က နေအိမ် ၁လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ထို့အပြင် မီးလောင်မှုကြောင့် ယခုနှစ်အတွင်း လူ ၂ ယောက်နှင့် ရဟန်းတပါး သေဆုံးသွားခဲ့ရသည်။
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/03/image-33.png?resize=650%2C488&ssl=1)