ရခိုင်ဝါရင့်တေးသံရှင် အဆိုတော် ကိုခိုင်ပြည်ကျော်သည် နိုဝင်ဘာ ၄ ရက်နေ့က မင်းပြားမြို့ဆေးရုံတွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း ရခိုင်အနုပညာရှင်အသိုင်းအတည်ပြုချက်အရ သိရသည်။
ကိုခိုင်ပြည်ကျော်မှာ မင်းပြားမြို့ ဇာတိဖြစ်ဖြစ်ပြီး ရခိုင်တေးသီချင်းများကို ဆယ်စုနှစ် တစ်ခုကျော်ကြာ မိုနိုတေးသီချင်းများစွာကို သီဆိုခဲ့သူတစ်ဦးဖြစ်သည်။
ကိုခိုင်ပြည်ကျော် ရခိုင်အဆိုတော်တစ်ဦး ယခုကဲ့သို့ စောစီးစွာ သေဆုံးသွားရသည့်အပေါ် မိသာစုနဲ့ ထပ်တူ ထပ်မျှ စိတ်မကောင်းဖြစ်ရကြောင်း ရခိုင်အနုပညာရှင်များအသိုင်းအဝိုင်းက ၎င်းတို့၏ လူမှုကွန်ယက် Facebook အကောင့်များတွင် ရေးသားဖော်ပြနေကြသည်ကိုတွေ့ရှိရသည်။
သတင်းအပြည့်အစုံကို ဆက်လက် တင်ပေးမည်။
