သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရခိုင်ပြည်ရှိ ချင်းလူမျိုးများ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည်ဟု CPSC ထုတ်ပြန်ချက်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း AA ပြော

ABN-ထက်မြတ်ခင်

ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (CPSC) ၏ထုတ်ပြန်ချက်နှင့် ပတ်သက်၍ AAအောက်ခြေတပ်သားများ ချင်းလူမျိုးများ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိ မရှိ စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်ကြောင်း ထင်ရှားပါက စစ်ဖက်ဆိုင်ရာ ဥပဒေများအတိုင်း အရေးယူသွားမည်ဟု ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ ပြောခဲ့ကြားထားသည်။

“ကျွန်တော်တို့ဘက်က အမှုမှန်ရရှိရေးအတွက် စနစ်တကျစုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်၊ သူတို့ဘက်က စွပ်စွဲ ထုတ်ပြန်ထားသလိုမျိုး မြေပြင်မှာ တကယ် ကျူးလွန်ခဲ့ခြင်း ရှိမရှိကို ကျွန်တော်တို့ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်၊ သူတို့ဘက်ကထုတ်ပြန်ထားသလို မြေပြင်မှာ တကယ်ကျူးလွန်ခဲ့ခြင်းရှိမရှိဆိုတာကို ပြောဖို့တော့ အချိန်စောသေးပါတယ်၊ သူတို့ စွပ်စွဲသလိုကျူးလွန်ကြောင်းထင်ရှားလို့ရှိရင်တော့ ကျူးလွန်သူတွေကို ကျွန်တော်တို့ ရက္ခိုင့်တပ်တော်ရဲ့ စစ်ဖက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ ကျွန်တော်တို့ လိုအပ်သလို အရေးသူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ရက်နေ့က ရက္ခိုင့်တပ်တော်၏ အောက်ခြေတပ်သားများသည် မြေပုံမြို့နယ်၊ တုတ်ချောင်း(ချင်း)ကျေးရွာမှ အပြစ်မဲ့ ဒေသခံချင်းလူမျိုး၂ဦးအား ဖုန်းဖြင့်ဆင့်ခေါ်ခဲ့ကြပြီး အကြောင်းပြချက် တစ်စုံတရာ ပြောဆိုခြင်းမရှိဘဲ လက်ပြန်ကြိုးတုတ်ကာ အုပ်စုလိုက် ရိုက်နှက်မှုများ ကျူးလွန်ခဲ့ကြသည်ဟု ချင်းနိုင်ငံရေး ဦးဆောင်ကော်မတီ (CPSC)မှ ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ရက္ခိုင့်တပ်တော်(AA)၏ အောက်ခြေ တပ်သားများမှ အုပ်စုလိုက် ရိုက်နှက်မှုကြောင့် တစ်ဦးမှာ ၎င်းနေရာ၌ပင် သတိမေ့မျောသွားခဲ့ပြီး ပြင်းထန်သည့် ဒဏ်ရာများရရှိကာ ယနေ့တိုင် ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေရသေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် ယင်းကျူးလွန်မှုနှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်ဘက်မှ တာဝန်ယူမှု၊ တာဝန်ခံမှု ဖြင့် တစ်စုံတရာ ပြန်လည် ဖြေရှင်းပေးခြင်း မရှိသေးသည့်အပြင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)ဘက်မှလည်း နစ်နာသူများအတွက် တရားမျှတမှု ရရှိစေရန် စုံစမ်းစစ်ဆေးခြင်းနှင့် ကျူးလွန်သူများအား အရေးယူဆောင်ရွက်ခြင်း မရှိသေးသည်ကိုတွေ့ရကြောင်း ယင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။

၎င်းအပြင် ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီ လ (၂) ရက်နေ့တွင် မင်းပြားမြို့နယ်၊ တောင်ရှည်ပြင် ကျေးရွာ၌ ဖြစ်ပွားခဲ့သည် ယာဥ်တိုက်မှုဖြစ်စဥ်နှင့် ပတ်သက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘခင်နှင့် ဗီတာ (၂) ဒု – စစ်ဒေသမှူး ဗိုလ်မှူး ခိုင်ကျော်တို့ အငြားပွားကြရာ ၄င်းဗိုလ်မှူးမှ အဆိုပါ အုပ်ချုပ်ရေးမှူအား ရိုက်နှက်ခဲ့သည့်အပြင် ရွာသူ/ရွာသားများကိုလည်း ‘’လက်နက်ထုတ်ပြကာ ကားလမ်းဘေးမှ နေအိမ်များ ဖြိုဖျက်ပစ်ရမည် ‘’ ဆိုသည့် ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (ရခိုင်ပြည်နယ်)၏ ချင်းစွပ်စွဲချက်များအပေါ် ရက္ခိုင့်တပ်တော်ဖက်မှ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ပါက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း မှန်မှန်ကန်ကန် အရေးယူဆောင်ရွက်သွားမည်ဟု ဦးခိုင်သုခမှ ပြောကြားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။