
ABN-ရှိုင်းမိုး
ရခိုင်ပြည်က မြို့နယ် ၇ မြို့နယ်ကို မုန်တိုင်းအန္တရာယ် မြင့်မားနိုင်ခြေရှိသည့် အနီရောင်အဆင့် ဒေသများအဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီက ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။
အနီရောင်အဆင့်အဖြစ် သတ်မှတ်ခံရသည့် မြို့နယ်များမှာ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ ပေါက်တော၊ မြေပုံနှင့် မာန်အောင်မြို့များဖြစ်သည်။