AB News – နိုဝင်ဘာ ၂၂၊ ၂၀၂၃
စစ်ကောင်စီမှ ဓားစာခံပြုလုပ်ထားသည့် ပေါက်တောမြို့ဒေသခံများအား ရက္ခိုင့်တပ်တော် AA မှ ကယ်ထုတ်ခဲ့ပြီး ၎င်းတို့စားဝတ်နေရေးအတွက် အရေးပေါ်အကူအညီများ အပ်နေကြောင်း ( ARE) ကထုတ်ပြန်သည်။
လက်ရှိတွင် ပြည်သူ ၁၀၀ ကျော်တို့အား အရေးပေါ်စားဝတ်နေရေးအတွက် ARE မှ ငွေကျပ် ၁၅ သိန်း ပေးလှူထားကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင် ” AA က ကယ်ထုတ်လာတဲ့ လူတွေဟာ လုံခြုံတဲ့ နေရာမှာ ရှိပြီး မိသားစုများ ပြန်လည် ပေါင်းစည်းရေးကို ဆောင်ရွက်လျက်ရှိပါတယ်။ လတ်တလော ထိုလူများအတွက် စားရေးသောက်ရေးကိစ္စ အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိပါတယ် ” ဟု ဆိုထားသည်။
AA ၏ ရုပ်သံထုတ်ပြန်ချက်ပါ လူဦးရေ အရေအတွက်အား ရေတွက်ရာ ၁၆၀ ကျော်ပါရှိသည်ကို AB News ကတွေ့ရသည်။
လက်ရှိတွင် စားနပ်ရိက္ခါများ၊ ဆေးဝါးများ၊ ခြင်ထောင်များ၊ စောင်များ နှင့် တစ်ခြား လူသုံးကုန်ပစ္စည်းများလည်း လိုအပ်နေကြောင်း သိရသည်။
AA မှကယ်ထုတ်လာသည့် ပြည်သူများအားလှူဒါန်းလိုပါက ရက္ခိုင်ပြည် အရေးပေါ်ကူညီကယ်ဆယ်ရီး ပူးပေါင်းအဖွဲ့ Arakan Responders for Emergency (ARE) သို့
အောက်ဖော်ပြပါဆက်သွယ်ရေး ကွန်ယက်များမှ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
Page Messenger
arkresponders.emergency@gmail.com
Phone Number-09667953203
ဓာတ်ပုံ-ပေါက်တောမြို့ထဲမှ ကယ်ထုတ်လာသည့် ပြည်သူများအား လုံခြုံသည့်နေရာတွင် တွေ့ရစဥ်/ARE