သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးနယ် ပေါင်းတုတ်ရွာမှ ကျည်စထိမှန်ဒဏ်ရာရခဲ့သည့် ၁၂ နှစ်အရွယ် မူဆလင် မိန်းကလေးတစ်ဦး ဆေးကုသမှု ခံယူနေစဥ် ဆေးရုံ၌သေဆုံးမှုဖြစ်

မြောက်ဦးနယ် ပေါင်းတုတ်ရွာမှ ကျည်စထိမှန်ဒဏ်ရာရခဲ့သည့် ၁၂ နှစ်အရွယ် မူဆလင် မိန်းကလေးတစ်ဦး ဆေးကုသမှု ခံယူနေစဥ် ဆေးရုံ၌သေဆုံးမှုဖြစ်

AB News- ဒီဇင်ဘာလ ၂၉၊ ၂၀၂၃

စစ်ကောင်စီက ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးရုံတက် ကုသမှု ခံယူနေရသော မြောက်ဦးမြို့နယ်၊ ပေါင်းတုတ် (မူဆလင်) ရွာမှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ဆေးကုသမှုခံယူနေစဥ် ယနေ့ မွန်းလွဲ ၁နာရီ ၂၀မိနစ်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင် ၁ ဦးက AB News သို့ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်က မြောက်ဦးမြို့နယ် ပေါင်းတုတ်(မူဆလင်) ကျေးရွာအတွင်း စစ်ကောင်စီအဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲပြီး ကျည်စထိမှန်ပြီး မအုန်ဘင်နာလီ ၁၂နှစ်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မင်းပြားမြို့နယ်၊ ပန်းမြောင်းဆေးရုံတွင် ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ ၁ဦးကပြောသည်။

“ကျည်စက ဝမ်းဗိုက်မှာကျတာဆိုတော့ ပြင်းတယ်။ လက်နက်ကြီး တွေပစ်နေတဲ့ကြားက ကလေးကိုဆေးရုံသို့ရောက်အောင်ပို့တာ မနေ့ညကတော့ နည်းနည်းသက်သာတယ်။ ဒီနေ့မနက်မှာဘဲ အခြေအနေတွေရုတ်တရက်ဆိုးလာပြီး သေဆုံးသွားပါတယ်” ဟုဆိုသည်။

ယမန်နေ့ ဒီဇင်ဘာ ၂၈ ရက်နေ့က မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာမှာ အရပ်သား ၅ ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး ကိုင်းတောရွာမှ ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင်ပြည် ၊ မြောက်ဦး မြို့နယ်တွင် ဒီဇင်ဘာလ ၂၄ ရက်နေ့ တိုက်ပွဲ ​ဖြစ်ပွားပြီး​

နောက်တွင် စစ်ကောင်စီ တပ်ဖွဲ့မှ အရပ်သားပြည်သူ များအားရည်ရွယ်ချက်ရှိရှိဖြင့် လက်နက်ကြီးများ၊ တိုက်လေယာဥ်များ၊ ဒရုန်းများဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြောက်ဦး မြို့နယ်မှ အရပ်သားပြည်သူ ၁၉ ဦးထက်မနည်း သေဆုံးသွားခဲ့ပြီး ၂၃ယောက်ခန့် ထိခိုက်ဒဏ်ရာရရှိလျှက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ