သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံတွင် ရင်ရိုးတော်ဓာတ်၏ ဘုရားရင်ပြင်တိုးချဲ့လုပ်ကိုင်ရန်အတွက် ငွေကြေးလိုအပ်နေ

ABN-ဟိန်းထွန်း

သြဂုတ်၂၃ရက်

ရခိုင်ပြည်၊ မြေပုံမြို့နယ် အငူရွာတွင်တည်ရှိသည့် သမိုင်းဝင်ဖြစ်သော ရင်ရိုးတော်ဓာတ်၏ ဘုရားရင်ပြင်တော်ကို တိုးချဲ့လုပ်ဆောင်ရန်အတွက် ငွေကြေးများလိုအပ်နေကြောင်း သိရသည်။

ထိုစေတီ၏ရင်ပြင်တော်မှာ ကျဥ်းကျပ်သည့်အတွက် ဘုရားဖူးခရီးသွားများအနေဖြင့် အဆင်မပြေနိုင်သေးကြောင်းတွေ့ရသည်။

ရင်ပြင်တော်ကို ထပ်မံတိုးချဲ့ရန် သိန်း ၁ ထောင်ကျော်ကုန်ကျမည်ဖြစ်ပြီး ဘုရားဖူးခရီးသွားများထံမှ ထည့်ဝင်သည့် အလှူငွေများနှင့်လည်း အဆင်မပြေနိုင်သေးကြောင်း ဂေါပက ဥက္ကဌ ဦးမောင်တင်အေးက ABN သို့ပြောသည်။

“ဘုရားရင်ပြင်ကို တိုးချဲ့ဖို့လုပ်ဆောင်နေပါတယ်၊ သိန်း ၁ ထောင်ကျော်လောက်ကုန်မယ်၊ ပြည်သူတွေဆီကထည့်ဝင်တဲ့အလှူငွေတွေနဲ့လည်းအဆင်မပြေသေးဘူး” ဟု ဆိုသည်။

ရင်ရိုးတော်ဓာတ် နှစ်စဥ်ပွဲကျင်းပရက်မှာ တပေါင်းလဆန်း ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ၃ ရက်တိုင်တိုင် ကျင်းပကြောင်း သိရသည်။

၎င်းဓာတ်တော်တည်ရှိသော ဧလပဗ္ဗတ တောင်ကုန်းသည် ကျဥ်းကျပ်လာပြီး တိုးချဲ့ရန် မြေနေရာလုံလောက်မှုမရှိခြင်းကြောင့် တိုးချဲ့လုပ်ဆောင်ရန်အတွက် သံထည်ပစ္စည်း နှင့် အခြားပစ္စည်းများစွာ လိုအပ်ကြောင်း ၎င်း မှဆက်၍ ပြောသည်။

“ဓာတ်တော်ရှိတဲ့နေရာက အရမ်းကျဥ်းကျပ်ပါတယ်၊ တိုးချဲ့ဖို့ဆိုရင်လည်း မြေနေရာလည်းမလုံလောက်ဘူး၊ ပတ်ပတ်လည်တိုးချဲ့လုပ်ဆောင်မယ်ဆိုရင် သံထည်ပစ္စည်းတွေ နဲ့ တစ်ခြားပစ္စည်းတွေ လိုအပ်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် ပြည်သူများမှထည့်ဝင်သည့်အလှူငွေအချို့နှင့် ရင်ပြင်တော်ကို တိုးချဲ့လုပ်ဆောင်လျက်ရှိပြီး ရာသီဥတု အခြေအနေအမျိုးမျိုးကြောင့်လည်း လုပ်ဆောင်မှုတစ်ချို့ကို ရပ်နားထားရကြောင်းသိရသည်။

ထို့အပြင် ဘုရားဖူးခရီးသွားများအဆင်ပြေနိုင်စေရန် ကျန်ရှိနေသည့် မြေနေရာများကို တူးဖော်၍ မုန်တိုင်းဒဏ်ခံ ဓမ္မာရုံအဆောင်တစ်ခု ခိုင်ခန့်စွာဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဥက္ကဌထံမှသိရသည်။

ရင်ပြင်တော်တိုးချဲ့ရန်နှင့် ဓမ္မာရုံသစ်ဆောက်လုပ်မည်ဆိုလျှင် ကုန်ကျငွေခန့်မှန်းခြေ သိန်း ၂၅၀၀ ကျော်ရှိနိုင်ပြီး ငွေကြေးများလိုအပ်နေကြောင်းသိရသည်။

၎င်းတောင်ပေါ်သို့ ၉၉ ပေရှည်လျားသည့်ဓာတ်လှေကားတစ်စင်းတပ်ဆင်ထားပြီး ဘုရားဖူးခရီးသွားများ လာလည်ပတ်ရန် အဆင်ပြေချော့မွေ့နိုင်ကြောင်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
UNESCO အသိအမှတ်ပြုခံရဖို့ ကြိုးစားနေရဆဲ မြောက်ဦးမြို့ဟောင်းရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးတော်တွေကို မိုးရာသီ ရေညှိစိမ်းစိမ်းစိုစိုဖြင့် လှပနေတဲ့ ဓာတ်ပုံမြင်ကွင်းများဖြစ်ပါတယ်။