
ABN-ရှိုင်းမိုး
ရခိုင်ပြည် မောင်တောမြို့နယ် မကျည်းကုန်းရွာတွင် ယနေ့ မေလ ၁ရက် နံနက်ပိုင်းအချိန်က ရခိုင်မျိုးနွယ်စုဝင်ဖြစ်သည့် သက်မျိုးနွယ်စုများ၏ ဒုတိယအကြိမ်မြောက် သက်အမျိုးသားနေ့အခမ်းနားကျင်းပပြုလုပ်ခဲ့ကြသည်ဟုသိရသည်။
ထိုအခမ်းနားတွင် သက်လူမျိုးများက သက်ရိုးရာဝတ်စုံများ ဝတ်ဆင်ပြီး၊ သက်ရိုးရာအကများဖြင့် ကပြဖျော်ဖြေကြောင်းသိရသည်။
သက်ရိုးရာအသုံးဆောင်ပစ္စည်းများကိုလည်း ထိုပွဲထဲတွင်ခင်းကျင်းပြသခဲ့ကြကြောင်း မြင်တွေ့ရသည်။






