သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောမြို့နယ်တွင် ငါးရှာနေသည့် ဒေသခံရွာသားတစ်ဦးအား ပစ်သတ်သွားသည်မှာ ARSA အဖွဲ့ဖြစ်ကြောင်းစုံစမ်းသိရ

AB News-မေ ၂၈၊ ၂၀၂၄

ရက္ခိုင်ပြည် မြောက်ပိုင်းဒေသ မောင်တောမြို့နယ် ခရေမြိုင်ရွာမှ အဖ ဦးမဲဒေါင်း၏သား အသက် ၃၉ နှစ်အရွယ်ရှိ ဦးမောင်သာထွန်းအား ပစ်ခတ် သတ်ဖြတ်သွားသည့် အဖွဲ့မှာ ARSA မူဆလင် လက်နက်ကိုင်အဖွဲ့ ဖြစ်ကြောင်း AB Newsက စုံစမ်းသိရှိရသည်။

၎င်းသည် သူ့အစ်ကို ဖြစ်သူ အသက် ၄၂နှစ်အရွယ် ဦးလှရွှေဦးနှင့်အတူ ယမန်နေ့ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် ရွာ၏ အနောက်ဖက်ရှိ နူရူလာ (နူရုလ္လာ) နယ်ခြားစောင့် စခန်းအနီး ချောင်းတွင် ငါးရှာနေကြစဥ် ARSA လက်နက်ကိုင်အဖွဲ့က ရောက်လာပြီး သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် ဦးမောင်သာထွန်း၏ ညာဖက်လက်မောင်းဆုံတွင် ကျည်ထိ ဒဏ်ရာ ၁ ချက်နှင့် ညာဖက်ဒူးဆစ်အထက်တွင် ကျည်ထိဒဏ်ရာ ၁ ချက် ဒဏ်တို့ဖြင့် သေဆုံးသွားခဲ့ကြောင်း ရွာသားများက AB News သို့အတည်ပြုပြောထားသည်။

ဦးမောင်သာထွန်းအား ပစ်သတ်သွားသည့် ARSA အဖွဲ့သည် စစ်ကောင်စီအဖွဲ့နှင့် အဆင်မပြေမှုများကြောင့် ထွက်ပြေးလာသည့်အဖွဲ့ဖြစ်ပြီး ၎င်းတို့တွင် အဖွဲ့ဝင် ၇ ဦးပါရှိကြောင်း သိရသည်။

လက်ရှိတွင် ထို ARSA အဖွဲ့ဝင် ၇ ဦးသည် ဒုညောင်ပင်ကြီးရွာ၏ အနောက်ဖက်မှတစ်ဆင့် မကျည်းချောင်းရွာနှင့် ပဒင်းရွာကြားမှ ဖြတ်ကျော်ကာ ပန်းတောပြင် အနောက်ရွာတွင် ဝင်ရောက် နေထိုင်နေကြကြောင်း စုံစမ်းသိရှိရသည်။

ARSA၊ RSO နှင့် ARA အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ IDPs Camps များမှ မူဆလင် ၃၀၀၀ ကျော်တို့သည်လည်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များ တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ အာရက္ခတပ်တော်အားခုခံ တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်း– https://shorturl.at/PHdJv

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ