သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် အကြမ်းဖက် စစ်ကောင်စီကမြို့ပြင်ထိ စစ်အင်အားတိုးချဲ့ကာ ရာနှင့်ချီသည့် စနိုက်ဘာသမားများ လူနေရပ်ကွက်များတွင် တပ်ဖြန့်ထားဟုသိရ

ရက္ခိုင်ပြည်၊ အနောက်ဘက်နယ်စပ်ဒေသဖြစ်သော မောင်တောမြို့တွင် စစ်ကောင်စီက မြို့ပြင်ထိ အင်အားတိုးချဲ့ထားသည့်အပြင် ရာနှင့်ချီသည့် စနိုက်ဘာသမားများ လူနေရပ်ကွက်များတွင် တပ်ဖြန့်နေရာယူထားကြောင်း သတင်းရရှိသည်။

အင်အား ၄၀ဝ၀ ကျော်ရှိသည့် အကြမ်းဖက် စစ်ကောင်စီနှင့် စစ်သွေးကြွဘင်္ဂလီမူဆင်များသည် နခခ ( ၅) တပ်ရင်းမှ မြို့ပြင်သို့ထွက်ကာ ခံစစ်ဖြင့် ခုခံရန်အသင့်ပြင်ထားကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“စစ်ကောင်စီတပ်သားတွေနဲ့ ဘင်္ဂလီမူဆလင်တွေက ထောင်ချီရှိပါတယ်။ သူတို့က နခခ (၅) ကနေပြီး မြို့ပြင်ထိထွက်လို့ နေရာယူလာကြတယ်။ စစ်ကြောင်းထိုးမယ့်သဘောပေါ့။ ခံစစ်ကိုလည်းအခိုင်အမာအင်အားဖြည့်တင်းထားတယ်” ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် စစ်သွေးကြွဘင်္ဂလီမူဆလင်များသည် မြို့တွင်းသို့ဝင်ရောက်ပြီး ပြည်သူများကို ဖမ်းဆီးကာ လက်ဝတ်တန်ဆာများနှင့် ဖုန်းများကို အဓမ္မလုယူပြီး နေအိမ်များကိုလည်း ဖျက်ဆီးနေကြောင်း ထွက်ပြေးလွတ်မြောက်လာသူများထံမှ သိရသည်။

“ကျမတို့မှာပါတဲ့ ဖုန်း၊ ရွှေ၊ ငွေတွေကို အကုန်လုထားလိုက်တယ်။ စစ်ကောင်စီတပ်၊ အကြမ်းဖက်မူဆလင်တွေက ရက္ခိုင်အိမ်တွေ ဝင်မွှေတယ်။ ပစ္စည်းကောင်းတာတွေကို အကုန်ယူကြပါတယ်။ ကျမတို့လည်း မြို့ထဲမှာ ဘယ်လိုမှ ဆက်မနေဝံ့လို့ ထွက်ပြေးလာကြတာပါ” ဟုဆိုသည်။

ထို့အပြင် ၎င်းတို့သည် မြို့ပေါ် ရှိ အဆောက်အဦး တိုက်ခန်းများတွင် ကွန်မန်ဒိုဆင်း စနိုက်ဘာသမားများအား နေရာယူခိုင်းထားပြီး ဒရုန်းဗုံး၊ လက်နက်ကြီးများ စမ်းသပ်နေကြောင်းလည်း ဒေသခံများထံမှ သိရသည်။

အခြားတစ်ဖက်တွင်လည်း အာရက္ခတပ်တော်က မောင်တောမြို့ကို အင်အားအလုံးအရင်းဖြင့် ဝိုင်းဝန်းပိတ်ဆို့ထားပြီး ပိတ်မိနေသည့်ပြည်သူများအား ကယ်ထုတ်​ပေးနေကြောင်းသိရသည်။

ကျောက်ပန္ဒူစခန်းတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်နှင့် အင်ဒင်စခန်းတွင် စစ်ကောင်စီတပ်သား ၆၀၀ ခန့်ရှိနိုင်ကြောင်း AB News ကစုံစမ်းသိရှိရသည်။

စစ်ကောင်စီဖက်ကလည်း ရက္ခိုင်-ဘင်္ဂလားအနောက်ဘက်နယ်စပ်ဒေသမြို့ဖြစ်သော မောင်တောကို လက်မလွှတ်ရစေရေးအတွက် ဇက်နေဗီ၊ စစ်ရဟတ်ယာဥ်များဖြင့် နေ့စဥ်ရက်ဆက် အင်အားဖြည့်တင်းလျက်ရှိနေသည်ကို တွေ့ရသည်။

အကြမ်းဖက် စစ်ကောင်စီသည် ဘူးသီးတောင်မြို့ကို လက်လွှတ်ဆုံးရှုံးရပြီးနောက် မောင်တောမြို့နှင့် စစ်တွေမြို့တို့တွင်လည်း တပ်သားအင်အား ပို့ဆောင်ထားကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီသည် စစ်တွေမြို့ ဗျိုင်းဖြူရွာမှ အပြစ်မဲ့ ပြည်သူ ၄၀ ကျော်တို့အား မေလ ၃၀/၃၁ ရက်နေ့များက ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်လိုက်ပြီး၊ ထိုရွာမှ အမျိုးသမီး ၃ဦးကိုလည်း အုပ်စုဖွဲ့ မုဒိန်းကျင့် သတ်ဖြတ်လိုက်ကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့ကလည်း ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်များမှ လူနေကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့ရပြီး ၁၀ ကျော် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။