သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ဖမ်းဆီးခံခဲ့ရသည့် ဆယ်တန်းကျောင်းသူတစ်ဦးနှင့် ကယ်ရီးသမားတို့မှာ ယခုအချိန်ထိ မိသားစုနှင့် အဆက်သွယ်မရသေး

ရခိုင်ပြည်၊ မောင်တောမြို့နယ် ကြိမ်းချောင်းဂိတ်တွင် နိုဝင်ဘာလ ၁ရက်နေ့က စစ်ဆေးရေးလုပ်နေသော တပ်မ (၇၇)မှ ဆယ်တန်းကျောင်းသူတစ်ဦးနှင့် ကယ်ရီသမားတစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့နယ် ပြိုင်းတောရွာမှ ဦးအောင်မြင့်ချေ၏သမီး မအေးမြစန္ဒာ၂၃နှစ်နှင့် ကယ်ရီးသမား မောင်မောင်ကျော်တို့ဖြစ်ကြသည်။မောင်မောင်ကျော်မှာ မအေးမြစန္ဒာအား အငှား ပြန်လိုက်ပို့ရာမှ ကြိမ်ချောင်းစစ်ဆေးရေးဂိတ်တွင် နှစ်ဦးလုံး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

မအေးမြစန္ဒာနှင့် ကယ်ရီသမား ၂ ဦးကို ဖမ်းဆီးထားသည်မှာ ၉ ရက်ထိ ရှိနေပြီဖြစ်ပြီး စစ်ဆေးစရာရှိ၍ ဖမ်းထားလျှင်လည်း နေ့တဝက်ခန့်မျှ စစ်ဆေးမည်ဆိုပါက ပြီးနိုင်သောကြောင့် အပြစ်မရှိက ပြန်လည် လွှတ်ပေးစေလိုကြောင်း မအေးမြစန္ဒာ၏ အစ်ကိုဖြစ်သူ ဦးပညာသာမိက မိန့်ကြားသည်။

“ဘာကြောင့်ဖမ်းတာလဲတော့မသိဘူး၊ အပြစ်ရှိတယ်၊ မရှိဘူးဆိုတာကိုလည်းထုတ်မပြောဘူး၊ တကယ်လို့ အပြစ်မရှိဘူးဆိုရင် နေ့တစ်ဝက်လောက်စစ်ဆေးပြီး လွှတ်ပေးရမှာပေါ့၊ အခုက ဖမ်းထားတာ ရက်ပေါင်း၁၀လောက်ရှိပြီ၊ မိဘတွေလည် အားလုံးစိတ်ပူနေကြပြီ” ဟု မအေးမြစန္ဒာ၏ အစ်ကိုဖြစ်သူ ဦးပညာသာမိ ကABN သို့ မိန့်သည်။

မအေးမြစန္ဒာ မှာ ဆယ်တန်း ၂ နှစ်ကျတစ်ယောက်ဖြစ်ပြီး ယခုနှစ်တွင်လည်း ဆယ်တန်းဖြေရန် ကျောင်းတက်နေသူတစ်ဦးဖြစ်သည်။ ၎င်းမှာ သီတင်းကျွတ်လပြည့်နေ့မတိုင်မီကတည်းက ဆွေမျိုးများထံသို့ အလည်သွားပြီး ပြန်အလာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

“မိသားစုတွေ အရမ်းစိတ်ပူနေကြတယ်၊ သူ့အမေဆိုရင် ထမင်းမစားတာတောင် ရက်အတော်ရှိနေပြီ” ဟု ဆရာတော် ဦးပညာသာမိက မိန့်သည်။

ဖမ်းဆီးခံခဲ့ရသည့် သူတိုနှစ်ဦးစလုံးမှာ မိသားစုနှင့် ယနေ့ထိတိုင် အဆက်သွယ်မရသေးကြောင်း သိရသည်။

ယခုနိုဝင်ဘာလအတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများကို ဖမ်းဆီးမှုမှာ နေ့စဥ်မြင့်တက်လာနေပြီး တစ်ချို့မှာ သတင်းအစအနပင် လုံးဝမရရှိဘဲ ရှိနေသည်။

မောင်တောတွင် ဖမ်းဆီးခံခဲ့ရသည့် ဆယ်တန်းကျောင်းသူတစ်ဦးနှင့် ကယ်ရီးသမားတို့မှာ ယခုအချိန်ထိ မိသားစုနှင့် အဆက်သွယ်မရသေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ