ABN-ဟိန်းထွန်း
စက်တင်ဘာ ၃ ရက်
ရခိုင်ပြည်၊ မောင်တောမြို့နယ် အောင်သုခကျေးရွာတွင် ဓားခုတ်မှုဖြစ်ပွားခဲ့၍ အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်။
သြဂုတ်လ ၂၃ ရက်နေ့ မနက် ၉ နာရီခွဲတွင် အဖ ယဥ်သာအောင်၏သား အသက် ၂၅ နှစ်အရွယ် ဇော်ဌေးသည် တစ်ရွာတည်းနေအသက် ၆၀ နှစ်အရွယ် ယောက္ခမ ဒေါ် မသန်းနုအား ဓားဖြင့် ခုတ်ခဲ့ပြီး ၎င်းနေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားခဲ့သူ ဦးခေါင်း၏ မာလာခွံမှာ တစ်ခြမ်းပဲ့ထွက်သွားကာ နောက်ကျောကို ဓားနှင့် ဆင့်ထိုးခဲ့ကြောင်းတွေ့ရသည်။
၎င်းရွာ၏ ကော်မတီဝင်အဖွဲ့သားများက တရားခံဇော်ဌေးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အမှတ်( ၄) နယ်မြေအုပ်ချုပ်ရေးရုံးသို့ အကြောင်းကြားထားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တရားခံဖြစ်သူ ဇော်ဌေးကို သက်ဆိုင်သည့်အဖွဲ့အစည်းများမှ အရေးယူသွားမည်ဖြစ်ကြောင်း ဒေသခံများထံကသိရသည်။
၂၀၂၃ ခု နှစ်တွင် ရခိုင်ပြည် အနှံ့အပြားတွင် ဓားခုတ်မှု၊ ကြိုးဆွဲချသေဆုံးခြင်း ၊ ရေနစ်သေဆုံးမှု ၊ လူကုန်ကူးမှု၊ မဒိန်းမှုနှင့် မတရားဖမ်းဆီးခံရမှုများ ဖြစ်ပွားနေလျက်ရှိကြောင်း တွေ့ရသည်။