သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် စစ်ကောင်စီခရိုင်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး လက်နက်များဖြင့် ထွက်ပြေး၊ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်း

မောင်တောတွင် စစ်ကောင်စီခရိုင်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူး လက်နက်များဖြင့် ထွက်ပြေး၊ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားရပ်ဆိုင်း

AB News – ဧပြီ ၆၊ ၂၀၂၄

ရက္ခိုင်ပြည်မောင်တောမြို့တွင် တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇောအေးတို့ လက်နက်နှင့်အတူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

၎င်းတို့ ၂ ဦးသည် ယမန်နေ့ ဧပြီလ ၅ ရက်၊ နံနက်ပိုင်းတွင် ပစ္စတိုသေနပ်များကိုယူပြီး ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“မနေ့ညက သူတို့ ၂ ​ယောက်က ထွက်ပြေးသွားတာပါ။လက်နက်ငယ်တွေပါသွားတယ်။ “ဟု ဆိုသည်။

ထွက်ပြေးသွားသည့် ခရိုင်အုပ်ချုပ်ရေးမှူးတွင် ကိုထည်နံပတ် ၁၁၅၁၁ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခုနှင့်  ၉ မမကျည် ၂၄ ထောင့်တို့ကိုယူပြီး ထွက်ပြေးသွားကြောင်း သိရသည်။

မောင်တောမြို့ကို စီမံခန့်ခွဲနေသည့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်း ပျက်စီးသွားပြီဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“စစ်ကောင်စီရဲ့အကြီးအကဲတွေကပြေးသွားပြီ။ AA ဝင်တိုက်မှာကိုကြောက်လို့ပေါ့။ အုပ်ချုပ်ရေးတွေလည်း လည်ပတ်မှုမရှိတော့ဘူး။ သူတို့အချင်းချင်းတောင် ရန်မူနေကြပြီ” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ ညနေ ၈ နာရီကျော်တွင်လည်း တောင်ကုတ်မြို့မ ရဲစခန်းမှ ကိုယ်ပိုင်အမှတ် ၇၄၂၉ ကိုင်ဆောင်သူ ဒုရဲမှူး ဆန်းညွန့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

တကျော့ပြန်တိုက်ပွဲကာလ ပြင်းထန်လာသည်နှင့်အမျှ ရက္ခိုင့်တပ်တော်မှ ၁ မြို့ပြီး ၁ မြို့ ထိုးစစ်ဆင်ဆင်တိုက်ခိုက်လာရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း နေ့စဥ်ရက်ဆက်ထွက်ပြေးနေလျက်ရှိကြောင်း တွေ့ရသည်။

ဓာတ်ပုံ-ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးအား အစည်းအဝေးတစ်ခုတွင်တွေ့ရစဥ်

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ