မိုခါမုန်တိုင်း တိုက်ခတ်ပြီး ၉ ရက်ကြာလာသည့်အထိ ရခိုင်ပြည် စစ်ဘေးရှောင်စခန်းများမှ ထောင်နှင့် ချီသည့် စစ်ဘေးဒုက္ခသည်များမှာ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများထံမှ အကူအညီ မရသေးပေ။
မြောက်ဦးဒေသမှ စစ်ဘေးရှောင်များမှာ ဘုန်းကြီးကျောင်းများတွင် ဖြစ်သလို နေထိုင်နေကြရပြီး ဒုက္ခသည်စခန်းများတွင် အိမ်ပေါင်း ၇၀၀ ကျော် လုံးဝပျက်စီးသွားကာ ကူညီကယ်ဆယ်ရေးအဖွဲများမှလည်း လာရောက် ကူညီပေးခြင်းများ မရှိကြောင်း သိရသည်။