Breaking News
![မဟာမုနိဘုရားအနီးရှိ ဈေးဆိုင် ၁ဆိုင် မီးလောင်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/02/image-73.png?resize=650%2C867&ssl=1)
ABN – သူရမောင်
ကျောက်တော်မြို့နယ်၊ မဟာမုနိ ဘုရားကြီးအနီးရှိ ဈေးဆိုင် ၁ဆိုင်မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားခဲ့သည်ဟုသိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် ညနေ ၈ နာရီ ၂၀ မိနစ်တွင် မဟာမုနိဘုးကြီးအနီးရှိ မုန့်တီဆိုင်တစ်ဆိုင် ပေါ့ဆမှုကြောင့် မီးလောင်သွားခဲ့ခြင်းဖြစ်သည်။
မီးလောင်ရာ၌ သေဆုံးသွားခဲ့သူမှာ ဆိုင်ပိုင်ရှင် ဒေါ်လှသိန်းနု၏သား ကိုမောင်သန်းစို ၃၉ နှစ်ဖြစ်ကြောင်း သိရသည်။
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/02/image-75.png?resize=650%2C867&ssl=1)
“မီးက ၈ နာရီ ၂၀ လောက်ကလောင်တာပါ။ တစ်ဆိုင်လုံးပြာကျသွားပါတယ်။ ပြီးတော့ သူ့သားလည်း သေသွားခဲ့ပါတယ်” ဟု မဟာမုနိ ဘုရားကြီးအနီးမှ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် အနီးအနားမှ လူများ၏ အကူအညီကြောင့် လက်ရှိတွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း သိရသည်။
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/02/1-11.jpg?resize=650%2C867&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/02/2-8.jpg?resize=650%2C867&ssl=1)