ABN-ရှိုင်းမိုး
သြဂုတ် ၈ရက်
ယနေ့ သြဂုတ်လ ၈ရက်နေ့ ညနေပိုင်းအချိန်တွင် မင်းပြား၊ မြောက်ဦး၊ တောင်ကုတ်၊ ကျောက်တော်စသည့်မြို့များရှိ ရပ်ကွက်များနှင့် ရွာများတွင် ဒီရေထပ်တိုးနှုန်းပို၍ မြန်လာသောကြောင့် ဒေသခံတချို့ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရသည်။
မင်းပြားမြို့နယ် မင်းဖူးရွာ၊ အသေကာလရွာ၊ နဒင်ရွာဟောင်း၊ နဒင်ရွာသစ်၊ ဒုံးသားရွာနှင့် မြို့ထက်ရှိ ရပ်ကွက်အများစုတွင် ယနေ့ညပိုင်း ဒီရေထပ်တိုးမှု ပို၍ မြန်လာသည်ကိုတွေ့ရသည်။
၎င်းအတူ ကျောက်တော်မြို့နယ်တွင်လည်း ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှာ ၅ပေ မှ ၇ပေ အထက် တတ်နေသည်ကိုတွေ့ရသည်။
ကျောက်တော်မြို့နယ် သရက်တပင်ရွာတွင် ယနေ့ညပိုင်းက အိမ်များရေနစ်မြုပ်သွား၍ ကုန်းမြင့်ဒေသမှလူနေအိမ်များနဲ့ ဘုန်တော်ကြီးကျောင်းများတွင် ခုံလှုံနေကြရသည်။
မြောက်ဦးမြို့နယ်တွင် ယနေ့ညပိုင်းအချိန်က ရေပို၍မြင့်တက်သောကြောင့် မြောင်းဘွေရွာရှေ့မှ အဝေးပြေးကားလမ်းမကြီး ရေနစ်မြုပ်သွား၍ ခရီးသည်ကားများရပ်နားထားရသည်။
အလားတူ တောင်ကုတ်မြို့ပေါ်မှ ရပ်ကွက်တချို့လည်း ရေနစ်မြုပ်နေ၍ ချောင်းကောက်ရပ်ကွက်မှ မင်းကျောင်းပညာဒါန ပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ဘေးလွတ်ရာသို့ပြောင်းရွှေ့နေကြရသည်။
ယနေ့ ညနေပိုင်းမှ ဒီရေတတ်နှုန်းသည်ပို၍ မြန်လာသောကြောင့် ကုန်းနိမ့်နေရာမှ ဒေသခံများကို ကုန်းမြင့်ပိုင်းသို့ပြောင်းရွှေ့နေထိုင်ကြကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။
ကျောက်တော် ကုလားတန်မြစ်နဲ့၊ မြောက်ဦး လေးမြို့မြစ်တို့ကို စိုးရိမ်ရေမှတ်ထိရောက်ရှိနေကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။