သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မင်းပြားမြိုနယ်တွင် ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၊ အပြစ်မဲ့ ကျေးရွာသား ၁၀ ဦးထက်မနည်း သေဆုံး ဒဏ်ရာရရှိမှုများရှိနေ

 

စစ်ကောင်စီတပ်သည် ယနေ့အောက်တိုဘာ ၁၇ ရက်နေ့ နေ့လယ် ၁၂ ခန့်မှ စ၍ မင်းပြားမြိုနယ်ရှိကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် အပြစ်မဲ့ကျေးရွာသား (၁၀) ဦးကျော်ထက်မနည်း အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးမှုများရှိနေကြောင်း ကနဦးသတင်းရရှိသည်။

မင်းပြားအခြေစိုက် စစ်ကောင်စီတပ် ခမရ (၅၄၁) သည် မင်းပြားမြိုနယ် ဆင်ကြီးပြင် (ရခိုင်ရွာ)၊ ဖလောင်းပြင်ရွာ၊ င/တန်ပျင်းရွာ၊ ကျားရဲပြင်ရွာ၊ ဘူးပင်ရွာနှင့် သမင်းခရာရွာ စသည့် အနီးအနား ကျေးရွာများသို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ ထိုသို ကျေးရွာများသို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ကျေးရွာ အတွင်းမှ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပါ လက်နက်ကြီးကျရောက်မှုကြောင့် သေဆုံးမှု ထိခိုက် ဒဏ်ရာရရှိမှုများရှိနေသည်။

ကနဦးသတင်းရရှိမှုအရ ဖလောင်းပြင်ရွာမှ အမျိုးသမီး ၂ ဦး သေဆုံးပြီး နောက်ထပ်အမျိုးသမီး ၁ ဦးမှာလည်း ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပြီး ဆင်ကြီးပြင် (ရခိုင်ရွာ) မှလည်း အသက် ၄ နှစ်အရွယ် မောင်စံချေ ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ဖလောင်းပြင်ရွာက မဆင်းယိုင် အသက် ၂၃ နှစ် တစ်ယောက်ကတော့ ပေါက်တော ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ နောက်ထပ် ဒဏ်ရာရှိထားတဲ့ အမျိုးသမီးတစ်ဦးမှာလည်း ဒဏ်ရာအရမ်းပြင်းတယ်” ဟု ဖလောင်းပြင်ရွာသားတစ်ဦးကပြောသည်။

ယနေ့ နံနက်က မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးတွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော်က မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီးနောက် ၁၅ မိနစ်ခန့်ကြာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှု အသေးစိပ် သတင်းများကို Arakan Bay News မှစုံစမ်းပြီး ဆက်လက် တင်ဆက်ပေးသွားမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ