ABN-ရှိုင်းမိုး
မင်းပြားမြို့ မြို့သစ်ရပ်ကွက်တွင် ယနေ့ နေ့လယ် ၁နာရီ ၁၅မိနစ်အချိန်က လူနေအိမ်တစ်ဆောင်မီးလောင်ရာမှ အနီးနားရှိ တိုက်တစ်ဆောင်ကို မီးကူးသွားသည် ဟုသိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ လျှပ်စစ်ဝါယာရှော့မှတဆင့်မီးလောင်ရခြင်းဖြစ်သည်ဟုသိရသည်။
မီးလောင်မှုစ၍ဖြစ်ပွားခဲ့သော နေအိမ်မှာ ဦးမောင်ထွန်းမြင့်( ခ ) ပျော့ချေနေအိမ်မှ စ၍မီးလောင်မှုဖြစ်ပွားပြီး၊ အနီးနားရှိ ဦးကိုနေ တိုက်အိမ်ကိုမီးကူးသွားသည်ဟုသိရသည်။
ထိုမီးလောင်မှုကြောင့် သစ်သားနေအိမ်မှာ ပြာကျခဲ့သည်ဟုသိရသည်။ မီးကူးလောင်ကျွမ်းခဲ့သည် ဦးကိုနေ တိုက်အိမ်သည်လည်း တခြမ်းလောင်းကျွမ်းခဲ့သည်ဟုသိရသည်။
“ ပထမကတော့ သစ်သားအိမ်ကစလောင်တာပါ၊ ဘေးနားကတိုက်အိမ်ကိုမီးကူးသွားတာပါ၊ ဝါယာရှော့ဖြစ်ပြီးလောင်းတာလိုသိရပါတယ်၊ အိမ်ကတော့ ပြာကျသွားပါတယ်၊ တိုင်ငုတ်တွေပဲကျန်ပါတယ်၊ ဘေးနားကတိုက်အိမ်ကတော့ တခြမ်းပါသွားပါတယ်” ဟု မျက်မြင်သက်သေတစ်ဦးမှပြောသည်။
၁နာရီ ၃၅မိနစ်တွင် မီးသတ်တပ်ဖွဲ့ရောက်လာသောကြောင့် မီးငြိမ်းနိုင်ခဲ့သည်ဟုသိရသည်။
အလားတူ ပေါက်တောမြို့နယ် ညောင်ပင်ချိုင်ရွာတွင် ယမန်နေ့ညက မီးလောင်မှုဖြစ်ပွားသောကြောင့် သားမိ ၂ယောက်သေဆုံးသွားသည်ဟုသိရသည်။
သေဆုံးသွားသော သားမိ၂ဦးမှာ မိခင်ဖြစ်သူ ဒေါ်သန်းနွဲ့ နှင့် သမီးဖြစ်သူ မနန္ဒာလင်းတို့ဖြစ်ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ သမီးဖြစ်သူ မနန္ဒာလင်း မီးဖိုနေချိန်တွင် မိခင်ဖြစ်သူသည် ဂါလံဘူးမှတဆင့် ဓာတ်ဆီများဖြည့်ရာမှ မီးကူးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟုသိရသည်။
၂၀၂၃ ဇန်နဝါရီ ၁ ရက်နေ့မှ မတ် ၃၁ ရက်အထိ ၃ လအတွင်း မီးလောင်မှုစုစုပေါင်း (၃၄) ကြိမ်ဖြစ်ပွားခဲ့ပြီး လူနေ အိမ် (၄၀)ကျော်နှင့် ဆိုင်ခန်းတချို့ မီးလောင်ဆုံးရှုံးခဲ့ကာ ရဟန်းတစ်ပါးအပါအဝင် (၄) ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရှိရသည်။






