
ABN-ရှိုင်းမိုး
ရခိုင်ပြည် မင်းပြားမြို့နယ် ၊ အထက်ငှက်ပျောချောင်းရွာတွင် သုခကာရီ လူငယ်အသင်းမှ ဦးဆောင်၍ ပထမ အကြိမ်မြောက် ရက္ခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲပြုလုပ် ကျင်းပသွားမည်ဟုသိရသည်။
ထိုပြိုင်ပွဲကို အထက်ငှက်ပျောချောင်းရွာ သာသနာ့ဓမ္မရောင်ခြည် ကျောင်းတိုက်၊ ဓမ္မာရုံအတွင်း ဧပြီလ ၁၂ရက် နေ့လည် ၁၂နာရီအချိန်မှစ၍ စတင်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
ထိုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးများမှာ တဖွဲ့လျှင် ၅ယောက် ပါဝင်ရမည်ဟု သိရသည်။
ထို့အတူ ရခိုင်ပြည်တွင်း သင်္ကြန်ကာလ၌ နံ့သာသွေးပြိုင်ပွဲကို ရိုးရာအဖြစ် သင်္ကြန်အကြိုနေ့တွင် ပြုလုပ်လေ့ရှိကြသည်။




