ABN – ရှိုင်းမိုး
ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း လက်နက်ရိက္ခာအပြည့်အစုံဖြင့် ရွာထဲမှ ဝင်ရောက်၍စစ်ကြောင်းထွက်သည်ကိုတွေ့ရသည်။
ယနေ့ နံနက် ၇နာရီကြောျအခြိနျက အင်အား ၇၀ ကျော်ပါသည့် စစ်ကြောင်းတစ်ကြောင်းသည် လက်နက်အင်အား၊ လူအင်အားနှင့် ရိက္ခာအပြည့်အစုံသယ်ကာ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ရွာအထဲမှဝင်၍ အုပ်တောင်ရွာဘက်သို့ ဖြတ်သွားခဲ့သည်ကို တွေ့ခဲ့ရသည်။
အုပ်တောင်ရွာတောင်ထိပ်တွင် စစ်ကောင်စီ ၄၂၈ အခြေစိုက်တပ်ရင်းသို့ ရိက္ခာအင်အား၊ လူအင်းအားသွားဖြည့်သည့်ပုံပေါ်သည်ဟု ပြင်ရှည်ရွာမှ ဒေသခံတစ်ဦးမှပြောသည်။
ထိုစစ်ကြောင်းတွင် အင်အား ၇၀ကျော်နီးပါး အပါဝင်၊ စစ်ကြောင်းနောက်မှ စစ်ကောင်စီစစ်ကား ၂စီးပါရှိသည်ဟု ဆက်ပြောသည်။ ထိုစစ်ကားတွင်လည်း စစ်အင်အား ကား ၁စီးတွင် ၂၀ ကျော်အထက်ပါရှိကြောင်းသိရသည်။
ကျွန်တော်ရွာထဲက လျှောက်သွားပါတယ်၊ စစ်ကြောင်းမှာ အင်အား ၇၀ကျော်ခန့်ရှိပါတယ်၊ စစ်ကြောင်းနောက်မှာ စစ်ကား ၂စီးပါတယ်၊ စစ်ကားမှာတော့ ရိက္ခာတွေပါလား မပါလား သေချာမမြင်လိုက်ပါဘူး၊ ကားပေါ် မှာ စစ်သားကတော့ ကား၁စီးမှာ ၂၀ နီးပါးခန့်လောက်မြင်လိုက်ပါတယ် ဟု ၎င်းဒေသခံမှ ပြောသည်။
၂၀၁၈ခုနှစ်တွင်လည်း အုပ်တောင်ရွာ တောင်ထိပ်စစ်ကောင်စီ ၄၂၈ အခြေစိုက်တပ်ရင်းမှ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေချိန်တွင် ထိုအခြေစိုက်တပ်ရင်းမှ အနီးနားရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းကဆက်ပြောသည်။
ရခိုင်တွင် ယခင်ကထက် စစ်ကောင်စီဖက်မှ စစ်ရေးဖြည့်တင်းမှု၊ ရိက္ခာဖြည့်တင်းမှု၊ အင်အားဖြည့်တင်းမှုများလာသောကြောင့် တဖန် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်။





