ABN-ရှိုင်းမိုး
ရခိုင်ပြည် ဘူးသီးတောင်မြို့နယ် စံဂိုးထောင်အုပ်စု နွားရုံတောင်ရွာမှ ဘုရားသိမ်ဆောင်လုပ်ရာစုဆောင်ထားသော သံ ၇တန်နှင့် စတားခွေ ၆ခွေကို စစ်ကောင်စီတပ်က ခိုးယူသွားသည်ဟု ရွာလူကြီးများက ABN ကိုပြောသည်။
နွားရုံးတောင်ရွာတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲမဖြစ်ပွားခင်အချိန်က ဘုရားသိမ်ဆောက်လုပ်ရန်အတွက် သူဌေးကြီးတစ်ဦးမှ သံ ၇ တန် လှူထားခဲ့သည်။
ထိုသံ ၇တန်ကို စစ်ကောင်စီမှ ဗိုလ်မှူးအဆင့်ရှိသူ အောင်မိုးသူမှ ဦးဆောင်ပြီးခိုးယူကာ စစ်ကောင်စီတပ် ထိပ်ထူးပေါက်စခန်း၏အရှေ့ဖက်ကားလမ်းအနီးတွင် စုပုံရှိလျက်ထားကြောင်းသိရသည်။
“ယူသွားတာက သေချာပါတယ်၊ သုံးဘီးနှင့် သယ်သွားကြတာပါ၊ အဲဒီသံတွေက ဘုရားသိမ်းဆောက်ဖို့ဆိုပြီး လှူထားတာ၊ တိုက်ပွဲကြောင့် ဘုရားသိမ်မဆောက်လိုက်ရဘဲ ရွာကထွက်ပြေးခဲ့ကြတယ်၊ အဲဒါကို သူတို့ခိုးယူနေကြတာဟု” ရွာလူကြီးတစ်ဦးကပြောသည်။
ထိုသံ ၇ တန်အား စစ်ကောင်စီတပ်က ၁ တန်လျှင် ၁၅ သိန်းကျပ်ဖြင့် ပြန်လည် ရောင်းစားထားကြောင်းလည်း သိရသည်။
၂၀၁၉ ဧပြီလ ၂ရက်နေ့တွင် နွားရုံတောင်ရွာအနီးတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့် ရွာသားများမှာထွက်ပြေးတိမ်ရှောင်နေကြရသည်။