သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်သူ့ ကျန်းမာရေးကဏ္ဍ အတွက်သူနာပြုသင်တန်းကျောင်းများဖွင့်လှစ်ရန်ရှိပြီး ရခိုင်လူငယ်များအနေဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် AA ဖိတ်ခေါ်

ရခိုင်ပြည်တွင် ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် သူနာပြုသင်တန်းကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ရခိုင်ပြည်ထဲမှ ပညာတတ် လူငယ် လူရွယ်များအနေဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ဖိတ်ခေါ်ခဲ့သည်။

” ပြည်သူ့ကျန်းမာရေး အခန်းကဏ္ဍမှာလည်း သူနာပြုသင်တန်းကျောင်းတွေ ဖွင့်လှစ်သွားဖို့ရှိတဲ့အတွက် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြဖို့ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း အမျိုးသားရေးခံယူချက်ကောင်းမွန်ပြီး လုပ်ရည်ကိုင်ရည် အရည်အချင်းများနှင့် အနစ်နာခံလိုစိတ်ရှိသည့် ပြည်သူများစွာလည်း လိုအပ်နေကြောင်း ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကပြောသည်။

၎င်းအပြင် ရခိုင်ပြည်တွင်း ULA/AA အနေဖြင့် ၎င်းတိုအပြည့်အဝထိန်းသိမ်းထားသော နယ်မြေများတွင် အုပ်ချုပ်ရေး တရားစီရင်ရေး ပညာရေး နှင့် ကျန်းမာရေးအပြင် အခြားသောကဏ္ဍများအတွက်လည်း လူ့စွမ်းအားအရင်းအမြစ်များကို တဆင့်ချင်းတိုးတက်စေရန်လုပ်ဆောင်နေကြောင်း ပြောခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မောင်တောတွင် ARSA တပ်ဖွဲ့ဝင်များက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကားပေါ်တွင်ပါလာသော စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆)ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ