သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပေါက်တောမြို့နယ်တွင် မူဆလင် လူငယ် ၂ ဦးမိုးကြိုးပစ်ခံရ၍သေဆုံးပြီး ၁ ဦးမှာ သတိလစ်

ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာတွင် ယနေ့မနက်ပိုင်းက မိုးကြိုးပစ်ခံရသောကြောင့် မူဆလင်လူငယ် ၂ ဦးသေဆုံးသွားခဲ့ပြီး နောက်တစ်ဦးမှာ မိုးကြိုးစက်ကွင်းမိ၍ သတိလစ်သွားကြောင်း သိရသည်။

Getty Images

သေဆုံးသွားခဲ့သူများမှာ ဆင်တက်မော် (မူဆလင်) ရွာမှ အဖ ဦးအာဒူလာမီ၏သား အသက် ၁၂ နှစ်အရွယ် အာဒူဝါဟပ်နှင့် အဖ ဦးမိုဟာမောက်၏သား အသက် ၁၀နှစ်အရွယ် မာမိုရာဟမ တို့ဖြစ်ပြီး မိုးကြိုးစက်ကွင်းမိ၍ သတိလစ်သွားသူမှာ ဦးသုလောင်၏သား အသက် ၂၇ နှစ်အရွယ် နော်မာဟတိန်(ခ)ကျော်လှချေ ဖြစ်သည်။

ယနေ့ မေလ ၆ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ပေါက်တောမြို့နယ် ဆင်တက်မော်ရွာတွင် မိုးရွာသွန်းခြင်း၊ လျှပ်စစ်ဖြစ်ပေါ်ခြင်းများဖြစ်ပေါ်ခဲ့ရာ သေဆုံးသွားသည့် လူငယ် ၂ ဦးမှာ ရွာ၏ အနောက်ဖက် ချောင်းကမ်းစပ်တွင် ရပ်နေစဥ် အသက် ၁၂ နှစ်အရွယ် အာဒူဝါဟပ် မိုးကြိုးပစ်ခံ၍ လဲနေသည်ကို အနီးရှိ အသက် ၁၀ နှစ်အရွယ် မာမိုရာဟမ က သွားရောက် ကိုင်တွယ်ရာတွင် လျှပ်စစ်ဓာတ်လိုက်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ရွာသားများ ပြောပြချက်အရ သိရသည်။

မိုးကြိုးစက်ကွင်းအတွင်း လျှပ်စစ်ဓာတ်လိုက်၍ သတိလစ်သွားသူ နော်မာဟတိန် (ခ) ကျော်လှချေမှာလည်း ထိုစဥ်က နေအိမ်တွင် ပိုက်ဖာနေခဲ့ကြောင်း သိရပြီး ၎င်းသည် လက်ရှိတွင် ပြန်လည် သတိရနေပြီဖြစ်သော်လည်း စကားမပြောနိုင်သေးကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ