ABN – ရှိုင်းမိုး၊ သူရမောင်
ပုဏ္ဏားကျွန်းမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် ညနေ ၃ နာရီခန့်က အသက် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားခဲ့သည့် ကလေးမှာ ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာရွာမှ ဦးမောင်နိုင်အေး၊ ဒေါ်သူဇာဝင်းတို့၏ သမီး မပန်းအေးနွယ် အသက် ၂ နှစ်ဖြစ်ကြောင်း သိရသည်။
မပန်းအေးနွယ်မှာ နေ့လည်ကတည်းက ပျောက်ဆုံးနေသဖြင့် မိဘများ လိုက်ရှာရာ ထိုရွာ၏အနောက်ဘက်ရှိ ရေကန်တွင် ရေနစ်မြုပ်၍ သေဆုံးနေသည့် သမီးဖြစ်သူ၏ အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။
၎င်း၏ ရုပ်အလောင်းအား ရွာသုဿန်တွင် ညနေ ၅ နာရီခွဲခန့်က သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
![ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေနစ်သေဆုံး](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/02/image-8.png?resize=650%2C1063&ssl=1)