သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့ထဲတွင် အရပ်သား ၆ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီး

နိုဝင်ဘာလ ၈ရက် ညနေပိုင်းက ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ထဲ၌ အရပ်သား ၆ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားကြောင်းသိရသည်။

အဆိုပါဖမ်းဆီးခံရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ရွာမှ (ဘ) ဦးစံလှထွန်း၏သား မောင်မျိုးလင်း ပန်းထိန်လုပ်ကိုင်သူ အသက် ၂၄နှစ်၊ (ဘ)ဦးဦးလှထွန်း၏သား မောင်ရဲလင်းထွန်း(ခ)ရဲလင်း ပန်းထိမ်လုပ်ကိုင်သူ အသက်၂၅နှစ်၊ (ဘ) ဦးသာထွန်းကျော်၏ သား မောင်အောင်ကျော်ဌေး ကားဝက်ရှော့ခ် လုပ်ကိုင်သူ အသက်၂၃နှစ်၊ ပုဏ္ဏးကျွန်းမြို့ထဲမှ (ဘ)ဦးအောင်ဂျမ်း၏သား မောင်အောင်မျိုးသန်း ဝါတိန် အသက်၂၃နှစ်၊ ပုဏ္ဏားကျွန်းမြို့ အောင်ဗိမ္မာန်ကျောင်းတိုက်မှ ကျောင်းဒကာ ကျောက်ချေ(ခ) ဦးသိန်းဟန် အသက် ၂၉နှစ် နှင့်ပုဏ္ဏားကျွန်းမြို့နယ် တန်းစွယ်ရွာမှ (ဘ) ဦးဖြူမောင်သိန်း၏သား မောင်စိုးဝင်း အသက်၂၇နှစ် တို့ဖြစ်သည်ဟုသိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် နတ်ဆိပ်ရွာမှ မောင်မျိုးလင်း မောင်ရဲလင်းထွန်းနှင့်မောင်အောင်ကျော်ဌေးတို့မှာ ပုဏ္ဏားကျွန်မြို့ရဲစခန်းတွင် ထိန်းသိမ်းခံထားရပြီး ၎င်းတို့၏မိဘများက ဒီကနေ့မနက် ၈နာရီလောက်တွင် သွားတွေ့ကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးက ABNကိုပြောသည်။

“ဟုတ်ပါတယ်။ မနေ့ည ညနေကဖမ်းသွားတာပါ။ ဘာကြောင့်ဖမ်းသွားလဲဆိုတာကိုတော့ မသိသေးပါဘူး။ သူတို့၃ယောက်ကိုတော့ ပုဏ္ဏားကျွန်းရဲစခန်းမှာ ဖမ်းထားတယ်လို့သတင်းရပြီး သူတို့မိဘတွေက ဒီကနေ့ မနက်၈နာရီလောက်မှာ သွားတွေ့ကြပါတယ်။

ပုဏ္ဏားကျွန်းမြို့ထဲမှ မောင်အောင်မျိုးသန်း၊ ကျောက်ချေ(ခ)ဦးဦးသိန်းဟန်နှင့် မောင်မောင်စိုးဝင်းတို့အား စုံစမ်းနေဆဲဖြစ်သည်။

ဓာတ်ပုံ- နတ်ဆိပ်ရွာမှ မောင်မျိုးလင်း မောင်ရဲလင်းထွန်းနှင့်မောင်အောင်ကျော်ဌေး

ပုဏ္ဏားကျွန်းမြို့ထဲတွင် အရပ်သား ၆ ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ