ABN-ရာဟု
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့တွင် ယနေ့ဧပြီလ ၂၄ရက်နေ့ ညနေ ၃နာရီ ၈မိနစ်အချိန်က မာရမာကြီး လူမျိုး ၁ ဦး ရေနစ်သေဆုံးသွားသည်ဟု သိရသည်။
သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ ဦးရွေမောင်၏သားဖြစ်သူ အသက်၃၈နှစ်အရွယ် မောင်မောင်(ခ)မောင်ညီညီ ဆိုသူဖြစ်သည်။
၎င်းကို ပုဏ္ဏားကျွန်းမြို့ ရွာဟောင်းရပ်ကွက် ပုဏ္ဏားကျွန်းချောင်းဝအနီးတွင် အလောင်းတင်လျှက် တွေ့ရှိရခြင်းဖြစ်သည်ဟု ကိုယ်တိုင် မျက်မြင်တွေ့ ရှိသူတစ်ဦးက ပြောသည်။
“ပုဏ္ဏားကျွန်းချောင်းဝမှာ အလောင်းတင်နေတာကို လှေသမားတွေ့တာ၊ သိတဲ့သူပါလ်ို့ သူမိသားစုကို ဖုန်းဆက်ခေါ်တာ၊ ခုယူသွားကြပြီ” ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ ကိုထွန်းနိုင်က ABNကို ပြောသည်။
လက်ရှိတွင်ရုပ်အလောင်းကို ပုဏ္ဏားကျွန်းမြို့ နာရေးကူညီမှုကားဖြင့် လာရောက်ယူဆောင်သွားကြသည်ဟု သိရသည်။
၎င်း၏ရုပ်အလောင်းကို ယနေ့ ညနေ ၅နာရီခွဲတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။