သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တိန်ညိုစစ်ဘေးရှောင်စခန်းကို ရဲနှင့်စစ်သားအပါအဝင်အင်အား၂၀ခန့် ဝင်ရောက်စစ်ဆေး

ရခိုင်ပြည် မြောက်ဦးမြို့နယ်ရှိ တိန်ညိုစစ်ဘေးရှောင်စခန်းကို ရဲနင့်စစ်သားအပါအဝင်ပူးပေါင်းအင်၂၀ခန့်သည် ယခုနေ့လယ် ၁၂နာရီခန့်က ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း စစ်ဘေးရှောင်များက ABN ကိုပြောသည်။

ဝင်ရောက်စစ်ဆေးရာတွင် စားနပ်ရိက္ခားများ ရောက်ရှိခြင်း ရှိ/မရှိကို မေးမြန်းမှုရှိခဲ့ပြီး၊ မိနစ်ပိုင်းခန့်ကြာ စခန်းတွင်းတွင်ရှိနေခဲ့သည်ကို အမည်မဖော်လိုသည့် စစ်ဘေးရှောင်တစ်ဦးကပြောသည်။

“စစ်သားနှင့် ရဲ (စကစ) အင်အား ၂၀ ခန့် စခန်းထဲကို ၁၂ နာရီလောက်မှာ ဝင်လာတယ်။ ပြီးရင် ဟိုဟိုဒီဒီလျှောက်ကြည့်ကြတယ် စစ်ဘေးရှောင်တစ်ချို့ကို ရိက္ခာ ရောက်လား မေးသံကြားလိုက်တယ်” ဟုပြောသည်။

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းများကို စစ်ကောင်စီ လူကယ်ပြန်အဖွဲ့မှ ဆန်ရိက္ခာ မထောက်ပံ့သည်မှာ ၇ လခန့်မျှထိ ရှိနေပြီဖြစ်ပြီး INGO၊ NGO နှင့် CSOs အဖွဲ့များကိုပါ ရိက္ခာမထောက်ပံ့ရဟု ပြီးခဲ့သည့် စက်တင်ဘာလက တားမြစ်ထားခဲ့သည်။

စစ်ဘေးရှောင်များကိုလည်း နေရပ်ပြန်ရန် အုပ်ချုပ်ရေးမှူးများမှ တဆင့် အကြိမ်ကြိမ် စေလွှတ်လျက်ရှိနေသည်။

ယခုလ၂၅ရက်နေ့ကလည်း မြောက်ဦးမြို့ မြတန်ဆောင်းဘုန်းကြီးကျောင်းအတွင်းရှိ စစ်ဘေးရှောင်စခန်းကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ