အပိုင်း (၁)
တပ်ကြပ် သက်ဆွေးဦး၊ ကိုယ်ပိုင်အမှတ် – တ/၁၄၄၀၂၅ (၏ဖွင့်ဟပြောကြားချက်များ)
ကျွန်ုပ်ဟာ နှစ်ပေါင်း နှစ်ဆယ် (၂၀) ကျော် တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ကျွန်ုပ်ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကျွန်ုပ်အကောင်းဆုံးထောက်ပံ့ပို့ဆောင်ပေးနိုင်ခဲ့တယ် စစ်သားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခုချိန်မာ ကျွန်ုပ်အဖမ်းခံရတာ တစ်နှစ်ကျော်ရှိသွားပါပြီ။ အဲ့ထဲမှာ ကျွန်ုပ်သား/သမီးလေးတွေကို သူတို့၏ ပညာရေး၊ ကျန်းမာရေးတွေကို သား၊သမီးချင်း စာနာပြီးထောက်ပံ့နေသလော၊ ဒါမှမဟုတ်လို့ ကျွန်ုပ်က တပ်မတော်မှာ တာဝန်မရှိလို့၊ အလုပ်မလုပ်နိုင်တော့တဲ့အတွက် သူတို့ ပစ်ပယ်ထားသလောဆိုတာကိုလည်း ကျွန်ုပ် စိုးရိမ်မိပါတယ်။ အဲ့အတွက်ကို ကျွန်ုပ်က လူကြီးတွေကို ပြောချင်တာကတော့ ကျွန်ုပ် နှစ် (၂၀) နှစ်ဆယ်ကျော်တုန်း တာဝန်ထမ်းဆောင်ခဲ့တဲ့အပေါ်မှာ ညှာတာထောက်ထားတဲ့အနေနဲ့ ကျွန်ုပ် (၏) သား၊ သမီးတွေကို ပစ်ပယ်မထားဘဲ သူတို့၏ ပညာရေး၊ ကျန်းမာရေးတွေကို ကူညီ၊ ထောက်ပံ့ ဆောင်ရွက်ပေးပါလို့ ကျွန်ုပ်ပြောချင်ပါတယ်။ ကျွန်ုပ် အဓိကပြောချင်တာကတော့ ကျွန်ုပ်တို့တွေ ဒီလိုအဖမ်းမခံခင်တုန်းက လိုင်းတွေသုံးပါတယ်။ လိုင်းတွေသုံးတဲ့အခါကျတော့ လိုင်းပေါ်မှာ လူတွေက လူမျိုးရေး မုန်းတီးမှု အသွင်သဏ္ဌာန်ဆောင်တဲ့ Post တွေ၊ နောက် ရက္ခိုင့်တပ်မတော် (ရက္ခိုင့်တပ်တော်) ကနေပြီးတော့ ဗမာစစ်သားတွေကို စစ်တပ်ကလူတွေကို ဖမ်းပြီးလို့ရှိရင် ညှင်းပန်းနှိပ်စက်၊သတ်ဖြတ်တဲ့ ဆိုတဲ့ Post တွေ၊ အဲ့လိုမျိုးဟာပေါ့ မဟုတ်မမှန်တဲ့ ဟာတွေနဲ့ ကျွန်ုပ်တို့ မီးရှိုးတာတွေ့ လုပ်ပါတယ်။ အခုကျွန်ုပ်အဖမ်းခံရတာ တစ်နှစ်ကျော် ရှိသွားပါပြီ အဲ့အတွင်းမှာ ကျွန်ုပ်ကို စဖမ်းကတည်းက သူတို့ကပြောပါတယ် ခင်ဗျားကို ကျွန်ုပ်တို့ မသတ်ဘူး ကောင်းကောင်းမွန်မွန်ဘဲနေပါ။ အချိန်ကာလတစ်ခုရှိရင် ပြန်လွှတ်ပေးမယ်လို့ သူတို့ပြောခဲ့ပါတယ်။ အဲဒီလိုပြောခဲ့တဲ့ စကားအပေါ်မှာ ကျွန်ုပ်ယုံကြည်မှု အပြည့် ရှိပါတယ်။ ကျွန်ုပ် Confident လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လေးဆိုတော့ ကျွန်ုပ်ကို စဖမ်းကတည်းက အခုချိန်ထိ ဗမာမို့လို့ မုန်းတီးပြီးတော့ ခွဲခြားဆက်ဆံတာမရှိဘူး၊ နှိမ်တာမရှိဘူး ကျွန်ုပ်ကို ကောင်းကောင်းမွန်မွန်ဘဲ ထားပါတယ်။ ကျွန်ုပ်ကို အကိုရယ်၊ ဦးလေးရယ်၊ အဖေရယ်လို့ ကောင်းကောင်းမွန်မွန်လေးလေးစားစား ဆက်ဆံပါတယ်။ ကျွန်ုပ်လေ့ ကောင်းကောင်းမွန်မွန်နေပါတယ်။ သူတို့ကိုလည်း အပြန်အလှန်လေးလေးစားစားဆက်ဆံပါတယ်။ ကျွန်ုပ်ရဲ့ နေထိုင် စားသောက်ရေးကိုလေ့ သူတို့ ပိုလိုဂရုစိုက်ပါတယ်။ ကောင်းကောင်းမွန်မွန် ကျွေးမွေးပါတယ်။ နေထိုင်ရတာလည်း သက်တောင့်သက်သာရှိပါတယ်။ နောက် ကျန်းမာရေးနန့် ပတ်သက်လို့ရှိရင်လည်း ကျွန်ုပ်ကို သူတို့ နှစ်ပတ်တစ်ခါ၊ သုံးပတ်တစ်ခါလောက် ဒီက သူတို့ကျန်းမာရေးမှူးတွေ အလှည့်ကျလာရောက်ပြီး စစ်ဆေးပါတယ်။ အဲ့အတွက်ကို ကျွန်ုပ် ကျေးဇူးတင်တဲ့အကြောင်းကို ပြောချင်ပါတယ်။
တပ်ကြပ် အောင်ကိုဝင်း၊ ကိုယ်ပိုင်အမှတ် – တ/၃၃၀၁၈၁
ခံစားရတာကတော့ ပြောရရင်တော့ ကုန်မာမဟုတ်ဘူး။ ကိုယ်တိုင်က ကျွန်ုပ်တို့ လုပ်နေပြီး၊ တဖက်က ကျွန်ုပ်တို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ချိတ်ပြီး ကျွန်ုပ်တို့ ဒီထက်ကောင်းအောင် ကောင်းသထက်ကောင်းအောင် လုပ်ပေးမှု စွမ်းဆောင်ရည် (မှုတွေကို) တပ်မတော်ဖက်က သဘောမတူဘူး၊ လွှတ်မပေးဘူးဆိုရင်လည်း ကျွန်ုပ်တို့က ဘာတတ်နိုင်မာလည်း ရှေ့လျှောက်ပြီး ဒုက္ခိတ ဖြစ်ရုံဘဲ ရှိတော့မှာပေါ့။ ကျွန်ုပ်တို့က ၁၅ နှစ်လုံးလုံး သစ္စာရှိရှိထမ်းဆောင်ခဲ့တာ ရလဒ်က နောက်ဆုံးရလဒ်က ဒါပါဘဲလားဆိုတာကို တွေးမိပါတယ်။ ခုနက ဆေးကုသမှုနဲ့ပတ်သက်ပြီးတော့ အထက်ကပေါ့နော် ကျွန်ုပ်တို့ကို အုပ်ချုပ်နေတဲ့ အရာရှိကြီးများနှင့် လူကြီးမင်းများ ကိုယ်တိုင် ကျွန်ုပ်တို့ လုပ်မပေးနိုင်ရင် လုပ်မပေးနိုင်ရင် သူများလုပ်ပေးတာကို မပိတ်ပင်ဘဲနဲ့ လွှတ်ပေးနိုင်လို့ရှိရင်ပိုကောင်းတာပေါ့။ ကျွန်ုပ်တို့ဆိုရင် ဒါ မဖြစ်သင့်တာတွေ ဖြစ်တော့မှာပေါ့ ဒီအတိုင်းဆက်ထားရင်။ ကျွန်ုပ်ဆိုရင်လည်း အရိုးကျိုး နှစ်ရှည်များလကြာလာရင် ဖြတ်ရမှာဘဲ။ ဘာမှ မထူးတော့ဘူး။ လက်တစ်ဖက် မရှိမှတော့ ဘဝက သေပြီပေါ့ဗျာ။ မထူးတော့ဘူးလေ။ အများကြီးလေ့ ကျွန်ုပ်တို့ မဆိုလိုချင်ပါဘူး။ ကျွန်ုပ်တို့ကို မကယ်လည်းရတယ် ထားပါ။ မိသားစု ဒါလေးတွေက ငါ့သား၊သမီးတွေပါလား ဆိုတဲ့အတွေးလေးတစ်ခုကို ကျွန်ုပ်တို့ရရင် တစ်ခုဘဲ ကျွန်ုပ်တို့ဆုတောင်းတယ် နောင်တဖန် ကျွန်ုပ်လူဖြစ်ခဲ့ရင် စစ်တပ်နဲ့ ဝေးတဲ့နေရာမှာ လူဖြစ်ပါစေလို့ ကျွန်ုပ်ဆုတောင်းပါတယ်။ ဒီလောက်ပါဘဲ။