သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
တစ်ပတ်အတွင်း ဒုက္ခသည် ၂၀၀၀ ကျော် အာဏာသိမ်းစစ်ကောင်စီထံသို့ မူဆလင်လက်နက်ကိုင်အဖွဲ့များပေးပို့၊ ဒုက္ခသည်များကို ကာကွယ်ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရ ပျက်ကွက်နေဟု Fortify Rights ပြော

AB News-ဇူလိုင် ၂၇၊ ၂၀၂၄

ယခုတစ်ပတ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းရှိ ဒုက္ခသည်စခန်းများမှ မူဆလင် ၂၀၀၀ ကျော်သည် ဘင်္ဂလာနယ်စပ်ကို ဖြတ်ကျော်၍ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းရန် မြန်မာနိုင်ငံ ရက္ခိုင်ဘက်ခြမ်းသို့ သွားရောက်ကြကြောင်း စုံစမ်းသိရှိရသည်။

၎င်းမူဆလင်များကို RSO နှင့် ARSAလက်နက်ကိုင်အဖွဲ့များက စည်းရုံးခေါ်ယူနေခြင်းဖြစ်ပြီး ၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများတွင် လက်နက်များကိုင်ဆောင်လျက် သွားလာလှုပ်ရှားနေကြသည့်အဖွဲ့ဖြစ်ကြောင်းလည်း ခိုင်လုံသတင်းရင်းမြစ်များက ပြောသည်။

“ဒီရက်ပိုင်းမှာပဲ မူဆလင် ၁၅၀၀ ကျော်လောက်ကို ရက္ခိုင်ဘက်သို့ ကူးသွားကြတာရှိတယ်။ တချို့ကတော့ လိုလိုလားလားနဲ့ လိုက်သွားတဲ့ သူတွေရှိတယ်။ တချို့က အကြပ်ကိုင်ခံရလို့ လိုက်ရတာရှိတယ်။ ကားတွေနဲ့ စိတ်ကြိုက်ဝင်ထွက် သွားလာနေကြတယ်” ဟု အမည်မဖော်လိုသည့် UN အဖွဲ့အစည်းတစ်ခု၏ ဝန်ထမ်း တစ်ဦးက ပြောသည်။  

ရက္ခိုင်တွင် ရှေ့တန်းစစ်မျက်နှာသို့ သွားသည့် စစ်ကောင်စီသင်တန်းပေး မူဆလင်လူငယ်အား‌ စစ်ဝတ်စုံဖြင့် တွေ့ရစ်

အာဏာသိမ်း စစ်ကောင်စီတပ်နှင့်ပူးပေါင်းရန် သွားကြသည့် မူဆလင်အများစုမှာ လူငယ်များဖြစ်ပြီး ၎င်းတို့ကို Cox’s Bazar (ဖလောင်းချိပ်) ခရိုင် ကူတူပါလောင် ဒုက္ခသည်စခန်းများမှ ကား ၁ စီးလျှင် လူအယောက် ၃၀ မှ ၅၀ အထိ တင်ယူကာ သွားနေကြကြောင်း ခိုင်လုံသတင်းရင်းမြစ်က AB News သို့ပြောသည်။

“ခုရက်ပိုင်းမှာ ကျနော်တို့ နေ့တိုင်းလိုလို မြင်နေရပါတယ်။ ဒုက္ခသည်စခန်းက မူဆလင်တွေကို ကားနဲ့ ယူလာပြီးတော့ ညဖက်ဆို ရက္ခိုင်ဖက်သို့ စက်လှေနဲ့ပို့ပါတယ်။ ကားတစ်စီးမှာ ၅၀ လောက်ထိ ပါတာရှိတယ်။” ဟု ဘင်္ဂလားဒေ့ရှ်ဘာသာစကားဖြင့် ပြောသည်။

Fortify Rights အဖွဲ့ကမူ ဘင်္ဂလားဒေ့ရှ် မူဆလင်ဒုက္ခသည်စခန်းတွင် မူဆလင်လက်နက်ကိုင်အဖွဲ့များက မူဆလင် (မူရင်း ရိုဟင်ဂျာ) များအား အတင်းအကြပ်ဖမ်းဆီးပြီး မြန်မာစစ်ကောင်စီတပ်ထံ အတင်းအကြပ်ဝင်ရောက်ခိုင်းသည်များရှိကြောင်းနှင့် ၎င်းလုပ်ရပ်မှာ လူကုန်ကူးမှုမြောက်သည်ဟု ဆိုထားသည်။

“ Fortify Rights ၏ စုံစမ်းစစ်ဆေးမှုအသစ်အရ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာဒုက္ခသည်များကို အတင်းအကြပ်ဖမ်းဆီး၊ ထို့နောက် အဆိုပါဖမ်းဆီးခံရသူများကို မြန်မာနိုင်ငံသို့ ပို့ဆောင်ပြီး၊ မြန်မာစစ်ကောင်စီထံ အတင်းအကျပ်ဝင်ရောက်စေခဲ့ကြောင်း တွေ့ရှိရသည်။ ဤလုပ်ရပ်များသည် ဥပဒေချိုးဖောက်မှုဖြစ်ပြီး လူကုန်ကူးမှု မြောက်ပါသည်။” ဟု ယမန်နေ့ ဇူလိုင် ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်အနေဖြင့် လုံခြုံရမည့် ဒုက္ခသည်စခန်းမှ မူဆလင်များကို အကာအကွယ်ပေးရန် ပျက်ကွက်နေကြောင်း Fortify Rights အဖွဲ့က ဆိုထားသည်။

“ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ ဘေးကင်းလုံခြုံမှုရှိနေရမယ့်ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အတင်းအကြပ် စစ်မှုထမ်းစေခြင်းကနေ ကာကွယ်ပေးဖို့ လိုအပ်ပါတယ်” ဟု Fortify Rights မှ ပြောသည်။

ယခင်လများကလည်း ဒုက္ခသည်စခန်းများမှ မူဆလင်များ ရက္ခိုင်ဘက်ကမ်းသို့ သွားရောက်၍ စစ်ကောင်စီထံတွင် ရက်တို တိုက်ခိုက်ရေး သင်တန်းရယူပြီး စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်အား ခုခံတိုက်ခိုက်မှုရှိသည်ကို တွေ့ရသည်။

မောင်တောမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီနယ်ခြားစောင့်တပ်ခွဲ ၅ အား အာရက္ခတပ်တော်က တိုက်ခိုက်လျှက်ရှိရာ စစ်ကောင်စီနှင့် အပေါင်းအပါ မူဆလင်လက်နက်ကိုင်များသည် မြို့တွင်းရှိ ဒေသခံမူဆလင်များနှင့် ပြည်သူများအား လူသားဒိုင်းကာအဖြစ် အသုံးပြုထားလျက်ရှိသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့အချိန်မှာ စစ်ကောင်စီနှင့် အာဆာအဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသွားတဲ့ ရွှေဇားရပ်ကွက်မှ အသက် ၄၈နှစ် ခေရှီခူမာ ရဲ့ ဇနီးဖြစ်သူ ဒေါ်ဒူဇာနာကို Arakan Bay News သတင်းဌာနက အင်တာဗျူးထားခြင်းတာ ဖြစ်ပါတယ်။