သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဆင်အင်းကြီးရွာတွင် စစ်ကောင်စီတပ်၏ ပစ်သတ်မှုကြောင့် အသက်(၈၇) နှစ်အရွဘ် အဘွားအိုတစ်ဦးအပါဝင် (၁၀) ယောက်သေဆုံး

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာတွင် မနေ့ညက စစ်ကောင်စီတပ်မှ ရည်ရွယ်ချက်ရှိရှိ ရွာထဲဝင်ကာ ပစ်သတ်မှုကြောင့် အသက်(၈၇)အရွယ်အဘွားအို တစ်ဦးအပါအဝင် သေဆုံးသူ (၁၀) ထက်မနည်းရှိကြောင်း ABN က စုံစမ်းသိရှိရသည်။

ပစ်သတ်ခံရသူများအားလုံးမှာ ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှဖြစ်ပြီး သေဆုံးသူများမှာ ဒေါ်မခင်သိန်း မိခင် ဒေါ် ယိုင်ညွန့်ဖြူ အသက်(၈၇)နှစ်၊ ဦးမောင်စံလှ အသက် ၃၇ နှစ်၊ ဦးခင်မောင် အသက် ၅၇ နှစ်၊ မ ခင်လှိုင်မြင့် ၊ ဦး ထွန်းသာကျော်၊ ဦးအေးစိန်၊ မောင်မောင်သိန်း အသက် ၄၄ နှစ် ၊ ဦးကျော်ဇံ အသက် ၆၂ နှစ် ၊ မောင်ထွန်းသိန်း နှင့် နယ်မှလာပြီး အသက် ၈၇ နှစ်အရွယ်အဘွားအိုကို ဆေးကုသပေးနေသည့် ရသေ့တောင်နယ်မှ ပရဆေးဆရာတစ်ဦးပါဝင်ကြောင်း သိရသည်။

အဆိုပါ အသတ်ခံရသူများမှာ မနေ့ညက စစ်ကောင်စီမှ ဆင်အင်းကြီးရွာထဲကို ဝင်ရောက်ပြီး မီးရှို့စဥ် ရွာထဲတွင် ကျန်ရစ်ခဲ့သူများဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ များသည် မနေ့ညက ဆင်အင်းကြီးရွာမှ နေအိမ် ၃၀ကျော်ကို မီးရှို့ ခဲ့ပြီး လူနေအိမ် အိမ် ၇ ဆောင်မီးလောင်ပြာကျသွားခဲ့ရပြီး ကျန်အိမ်များမှာ ပျက်စီးသွာရကြောင်းသိရသည်။

ဆင်အင်းကြီး ရွာထဲရှိ လမ်းမထက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာများဖြင့် သေနေကြသည့် ရွာသားများ၏ ရုပ်အလောင်း ၆ လောင်းကို တွေ့ ရှိ ရပြီး အသက် ၈၇ နှစ်အရွယ် အဘွား၏ ရုပ်အလောင်းကိုမူ ထိုအဘွားအို၏ နအိမ်တွင် တွေ့ရခြင်းဖြစ်သည်။

“အလောင်း ၇ လောင်းကတော့ ရွာထဲမှာ တွေ့ပါတယ်၊ ကျန်တယ်သူတွေ့ရဲ အလောင်းကိုတော့ မတွေ့ သေးပါဘူး၊ မနေ့ညက စစ်ကောင်စီအဖွဲ့ ဝင်ပြီး သေနတ်နှင့်ပစ်သတ်ခဲ့ကြတာပါ” ဟု ဒေသခံတစ်ဦးမှပြောပါသည်။

ရွာထဲတွင် ဒရုန်းဖြင့် ပစ်ခတ်သွားသည်ဟု ယူဆရသည့် ၃ လုံးတွဲ ကျည်ခွံများပါ တွေ့ ရကြောင်း ဒေသခံ ရွာသား တစ်ဦးက ပြာသည်။

စစ်ကောင်စီတပ်သားများသည် နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၆နာရီ ကျော် အချိန်ကတည်းက လက်နက်ကြီးများ ပစ်ခတ်ပြီး ၉ကျော်ခန့်မှစ၍ ဂျက်ဖိုင်တာရဟတ်ယာဥ် ၂ စီးဖြင့် အိုင်ဒင်၊ ပဒေသာ၊ ဆင်အင်းကြီးရွာများသိ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်။

အိုင်ဒင်ရွာမှ အသက် ၁၅ နှစ်အရွယ် ကျောင်းသား တစ်ဦးတွင် ပေါင်ကို လက်နက်ကြီး ကျည်စထိမှန်၍ လက်ရှိ အချိန်တွင် စစ်တွေ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက် ရှိနေသည်။

 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ