ABN- ရှိင်းမိုး
စစ်တွေမြို့နယ် အောင်တိုင်ရွာအုပ်စု၊ ပလ္လင်ပြင် (မူဆလင်) ရွာတွင် ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ၄ လောင်းပြိုင်လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
သေဆုံးသွားသူများမှာ အသက် ၆၅ နှစ်အရွယ် ဦးဘော်ဒီရာမန်၊ အသက် ၅၅ နှစ်အရွယ် ဖာတေဟခါမောက်၊ အသက် ၃၅ နှစ်အရွယ် ဘော်စီရာမောက် နှင့် အသက် ၃၇ နှစ်အရွယ် အာလီမာခါတူ တို့ဖြစ်ကြောင်းသိရသည်။
“အဲဒီရွာက လူသတ်မှု ဖြစ်တယ်လို့ဖုန်းဆက်လာပါတယ်၊ ကျွန်တော်တို့ချက်ချင်း လိုက်သွားပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ရောက်တာနဲ့ သူတို့ ၄ ယောက်လုံး အသတ်မရှိတော့ပါ၊ ကျွန်တော်တို့ သူတိုရဲ့ အလောင်းတွေကို စစ်တွပြည်သူ့ ဆေးရုံကြီးက ရင်ခွဲရုံကို ပို့ထားလိုက်ပါတယ်” ဟုရွှေရောင်မေတ္တာဖောင်ဒေးရှင်း ပြောသည်။
မည်သည့်အကြောင်းကြောင့် ၄ ဦးလုံး တနေရာတည်းတွင် သေနေကြသည်ကိုမူ ABN အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ယနေ့ ၁၀ နာရီခန့်က စစ်တွေမြို့နယ် ချောင်းနွယ် မင်းဂံချောင်းတွင်လည်း အမည်မသိ ဘုန်းကြီးရုပ်အလောင်း ၁ ခု တွေ့ရှိရကြောင်းသိရသည်။
ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေးရှင်း
![စစ်တွေမြို့နယ် အောင်တိုင်ရွာအုပ်စု၊ ပလ္လင်ပြင်ရွာတွင် ၄ လောင်းပြိုင်လူသတ်မှုဖြစ်](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/၁-29.jpg?resize=650%2C488&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/၂-29.jpg?resize=650%2C488&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/၃-23.jpg?resize=650%2C488&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/၄-16.jpg?resize=650%2C488&ssl=1)
![](https://i0.wp.com/arakanbaynews.com/wp-content/uploads/2023/01/၅-12.jpg?resize=650%2C488&ssl=1)